သပ်ရပ်ကျယ်ဝန်းပြီး စနစ်ကျလှတဲ့နေရာအခင်းအကျင်းနဲ့ ထိုင်းလက်ရာပင်လယ်စာကို နှစ်သက်ကြတဲ့ စာဖတ်ပရိသတ်တွေအတွက် ထိုင်းစားဖိုမှူးရဲ့လက်ရာကို အပြည့်အဝခံစားနိုင်မယ်Thai Sea Food ဆိုင်တစ်ဆိုင်ကို မိတ်ဆက်ပေးလိုက်ပါတယ်။
ဆိုင်တည်နေရာ
ဆိုင်တည်ရှိတဲ့နေရာကတော့ အမှတ်- ၁၄၊ ကမ္ဘောဇလမ်း၊ ပုလဲကွန်ဒိုအရှေ့၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီးတော့ ဖုန်းနံပါတ်တွေကတော့ ၀၉-၂၅၀၀၆၆၃၆၊ ၀၁-၅၄၁၀၆၄ တို့ ဖြစ်ပါတယ်။
ဆိုင်ဖွင့်ချိန်
နေ့စဉ် မနက် ၉ နာရီကနေ ည ၁၁ နာရီအထိကို ပိတ် ရက်မရှိ ဖွင့်ပေးထားတယ်လို့ သိရပါတယ်။
ဆိုင်စဖွင့်တဲ့နေ့၊ ဆိုင်နာမည်ပေးဖြစ်ပုံ
ဒီဆိုင်ကို ကျွန်တော်တို့ ၂၀၁၄ ခုနှစ် မေလ ၁၆ ရက် ကစပြီး ဖွင့်လှစ်ခဲ့တာပါ။ ဒီနာမည်က ဂရိဘာသာစကားအရ စိန်ကိုပြောတာ ဖြစ်ပါတယ်။ စိန်ဆိုတာက တောက်ပတဲ့ အရောင်ရှိပါတယ်။ ဒီဆိုင်ကိုလည်း စိန်လိုပဲ တောက်ပ စေချင်လို့ ဒီနာမည်ပေးရတာဖြစ်တယ်လို့ ဆိုင်မန်နေဂျာ ကိုဂျွန်က ပြောပြခဲ့ပါတယ်။
ဆိုင်အပြင်အဆင်ပိုင်း
ဒီဆိုင်ရဲ့အပြင်အဆင်နဲ့ ဒီဇိုင်းပိုင်းတွေကိုတော့ ဆိုင်ပိုင်ရှင် ကိုယ်တိုင်စီမံပြီး ထိုင်းအင်ဂျင်နီယာတွေရဲ့ စိတ်ကူးတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဟိုအရင်က ရှိခဲ့တဲ့ ခေတ်ဟောင်းလက်ရာနဲ့ အခုနောက်ပိုင်းပေါ်လာတဲ့ ခေတ် သစ်မော်ဒန်လက်ရာတွေကို ပေါင်းစပ်ပြီး တည်ဆောက်အလှ ဆင်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။
ရရှိနိုင်သော Menu များ
ဒီဆိုင်မှာရရှိနိုင်တဲ့ အစားအသောက်တွေကတော Thai Seafood နဲ့ အီတလီအစားအသောက်တွေအပြင် အီတလီ ကော်ဖီအမျိုးမျိုး၊ Juice နဲ့ Drink အမျိုးမျိုး အနောက်တိုင်း ယမကာအမျိုးမျိုး ရရှိတယ်လို့ သိရပါတယ်။
ဆိုင်ရဲ့ထူးခြားချက်များ
ထူးခြားချက်တွေကတော့ ဒီဆိုင်မှာက Thai Seafood ကို အဓိကထားပြီး ရောင်းပါတယ်။ နောက်တစ်ခုက လူမျိုး မရွေး ဘာသာမရွေး စားသုံးလို့ ရပါတယ်။ အစားအသောက် တွေကိုလည်း သန့်ရှင်းလတ်ဆတ်စေဖို့ အဓိကထားပါတယ်။ ရက်ကြာတဲ့စားသောက်ကုန် ကုန်ကြမ်းတွေကို မသုံးပါဘူး။ နောက်တစ်ခုက ဒီဆိုင်မှာ Credit Card သုံးလို့ရပါတယ်။ Visa၊ Master Card တွေ သုံးလို့ရတယ်လို့ သိရပါတယ်။
ဝန်ဆောင်မှုအပိုင်း
သီးသန့်ဝန်ဆောင်မှုတွေပေးတာတော့ မရှိဘဲ ဆိုင်ဝန်ထမ်း တွေနဲ့ပဲ ဝန်ဆောင်မှုတွေပေးပါတယ်။ သီးသန့်တစ်ခုကတော့ Customer တွေအနေနဲ့ နိုင်ငံခြားငွေကိုလည်း ဒီဆိုင်မှာ သုံးလို့ရအောင် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။
ဈေးနှုန်းသတ်မှတ်ချက်
ဈေးနှုန်းသတ်မှတ်ချက်တွေကတော့ လူဆယ်ယောက်လောက် စားလို့ရပြီး အထူးပြင်ဆင်ထားတဲ့ ပင်လယ်စာဟင်းပွဲက တစ်သိန်းခွဲ ရှိပါတယ်။ အနိမ့်ဆုံးတစ်ယောက်စာ ၅,၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၁၅၀,၀၀၀ ကျပ်လောက်ထိကို ရှိ တယ်လို့ ဆိုပါတယ်။
လာရောက်ကြတဲ့ဧည့်သည်တွေ
ဆိုင်ကို အဓိကလာကြတဲ့ဧည့်သည်တွေကတာ့ ထိုင်းနိုင်ငံ သားတွေ ဖြစ်ပါတယ်။ နောက်ပြီး ဂျပန်၊ ကိုရီးယားနဲ့ ဥရောပဘက်ကလူတွေ အများဆုံးလာကြပါတယ်။ မြန်မာ လူမျိုးတွေလည်း လာရောက်စားသောက်ကြတယ်လို့ သိရ ပါတယ်။
အစားအသောက်ပိုင်းဆိုင်ရာပြင်ဆင်မှု
ပင်လယ်စာရောင်းတာဖြစ်တဲ့အတွက် သန့်ရှင်းမှုကအဓိက ဖြစ်ပါတယ်။ နောက်ပိုင်းက ချက်ပြုတ်တဲ့အခန်းသန့်ရှင်း နေစေဖို့က ပထမဖြစ်ပါတယ်။ လတ်ဆတ်မှုတွေ ရှိ မရှိ ဆိုတာကိုလည်း နေ့စဉ်စစ်ဆေးပါတယ်။ ဟင်းပွဲမှာ အသုံး ပြုတဲ့ပန်းကန်တွေကအစ သန့်ရှင်းနေအောင် စနစ်တကျပြင် ဆင်ပေးထားတယ်လို့ သိရပါတယ်။
အနာဂတ်အစီအစဉ်
ဒီဆိုင်က ကျွန်တော်တို့ရဲ့ ပထမဦးဆုံးခြေလှမ်း ဖြစ်ပါ တယ်။ ရှေ့ဆက်ပြီးတော့ ဆိုင်သစ်တွေကို တိုးချဲ့သွားမယ့် အစီအစဉ်တွေ ရှိပါတယ်။ ဝန်ဆောင်မှုကောင်းတွေ ပေး ပြီး ဒီထက်ပိုကောင်းအောင် လုပ်ဆောင်သွားမယ်လို့ ဆိုင် တာဝန်ခံ ကိုဂျွန်က အခုလိုပြောပြခဲ့ပါတယ်။