News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Active Family Day Out အစီအစဉ် ပြုလုပ်မည်
Editorial
December 1, 2014
Local News
News
City Mart Holding Co Ltd နဲ့ 100 Plus Co Ltd တို့ပူးပေါင်းကျင်းပမယ့် Active Family Day Out သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Ocean Shwegonedine တွင် ၂၀၁၄ခုနှစ် နိုဝင်ဘာလ ၂၆ရက် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲကို ၂၀၁၄ခုနှစ် ဒီဇင်ဘာလ၊ ၂၈ရက်တွင် ရန်ကုန်မြို့ရှိ ပြည့်သူ့ရင်ပြင် ကွင်း ၁ နဲ့ ကွင်း ၂ မှာ တစ်နေ့တာလုံးကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပွဲအစီအစဉ်တွေအနေနဲ့ ၅ ၊ ၂ ၊ ၃ ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲတွေ၊ မိသားစုလိုက်ဝတ်စုံပြိုင်ပွဲတွေ၊ တစ်နာရီဟင်းချက်ပြိုင်ပွဲတွေ နဲ့ မိသားစုလိုက် ဂိမ်းပြိုင်ပွဲတွေပါဝင်သလို အနုပညာရှင်တွေက သူတို့ရဲ့ မိသားစုကို ဘယ်လိုအချိန်ပေးနေထိုင်တယ်ဆိုတာကိုပြောကြားခြင်းနဲ့ စာရေးဆရာမကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က အစားအသောက်တွေဟာ ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုတယ်ဆိုတာတွေကို ဟောပြောသွားမယ့် အစီအစဉ်တွေလည်းပါဝင်မှာ ဖြစ်ပါတယ်။ မိသားစုလိုက် ပျော်ပွဲစားထွက်နိုင်ဖို့အတွက် Picnic Area တစ်ခုကို စီစဉ်ပေးထားပြီး အစားအသောက်တွေကိုလည်း စီစဉ်ပေးထားမှာဖြစ်တဲ့အပြင် Life & Dance အဖွဲ့က ဦးဆောင်တဲ့ လူစုလူဝေးအလိုက်စည်းချက်ညီညီကခုန်သွားနိုင်မယ့် အစီအစဉ်လည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ပါဝင်လိုသူတွေဟာ တစ်ဦးလျှင် ၁၅၀၀ကျပ် ဖြင့် စာရင်းပေးသွင်းနိုင်မှာဖြစ်ပြီး အနိုင်ရရှိသူတွေကို ဆုငွေ ၁သိန်းကျပ် ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။စာရင်းပေးသွင်းချင်သူတွေနဲ့ ပွဲကို လာကြည့်ချင်သူတွေအတွက် အခမဲ့ ဝင်ခွင့်လက်မှတ်တွေကို Ocean North Point တွင် ဒီဇင်ဘာ ၈ရက်မှ ၁၀ရက်အထိ၊ ရွှေဂုံတိုင် Ocean မှာ ဒီဇင်ဘာ ၁၁ရက်ကနေ ၁၃ရက်အထိ၊ မြေနီကုန်း City Mart မှာ ဒီဇင်ဘာ ၁၅ရက်ကနေ ၁၇ရက်အထိ နဲ့ သမိုင်း City Mart မှာ ဒီဇင်ဘာလ ၂၁ရက်ကနေ ၂၃ရက်အထိ အသီးသီး စာရင်းသွင်းထုတ်ယူခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Market Palace မှာတော့ နိုဝင်ဘာလ ၂၈ရက်ကနေ ဒီဇင်ဘာလ ၁၅ရက်အ သီးသန့် စာရင်းကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်သိချင်ရင်တော့
[email protected]
ကို ဒေါ်ယုယုဆွေ attention ပေးပို့ မေးမြန်းနိုင်ပြီး facebook.com/activefamilydayout2014 မှာလည်း ကြည့်ရှုနိုင်ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း