Active Family Day Out 2014 ကျင်းပ

Active 8 City Mart Holding Co., Ltd နဲ့ 100 Plus တို့ ပူးပေါင်း စီစဉ်ကျင်းပတဲ့ မိသားစုများအတွက် တစ်နေ့တာ အပန်းဖြေမှု၊ ပျော်ရွှင်မှုများ ရရှိနိုင်တဲ့ ပွဲတော် (Active Family Day Out 2014) ကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်က ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ကျင်းပခဲ့ပါတယ်။ တစ်နေ့တာ အလည်အပတ်ထွက်ရင်း မြန်မာမိသားစုတွေကြား  ကျန်းမာရေးနဲ့ ဘဝနေထိုင်မှုပုံစံတွေအကြောင်းကို အသိပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့တယ်လို့လည်း သိရပါတယ်။ မိတ်ဆွေသူငယ်ချင်း မိသားစုတွေအတွက် လမ်းလျှောက်ပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲ၊ ဟင်းချက်ပြိုင်ပွဲ၊  ဆုပေးပွဲတွေအပြင် နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ ကျော်ကျော်ဗို၊ ဟဲလေးတို့က လာရောက်တွေ့ဆုံပြီး အလုပ်နဲ့ မိသားစုကြား အချိန်ကို ဘယ်လိုခွဲဝေအသုံးချတယ်ဆိုတာတွေကို ဝေမျှပေးခဲ့ကြပါတယ်။ အဖွဲ့လိုက် လမ်းလျှောက်ပြိုင်ပွဲမှာ 5 Km ၊ 3 Km ၊ 2 Km ဆိုပြီး ပြိုင်ပွဲသုံးခုခွဲပြီး ကျင်းပပေးခဲ့ကာ ဆုရရှိသူတွေကို ကျော်ကျော်ဗိုနဲ့ ဟဲလေးတို့က ဆုချီးမြှင့်ပေးခဲ့ပါတယ်။ မိသားစုဝင်တွေရဲ့ ကျန်းမာရေးအထွေထွေဗဟုသုတနဲ့ ကျန်းမရေးနဲ့သင့်တော်တဲ့ အစားအစာတွေအကြောင်းကို စမ်းသပ်ဖို့နဲ့ မိသားစုအချင်းချင်း အပေးအယူမျှမျှတတ လုပ်ကိုင်နိုင်မှုရှိ မရှိကို စမ်းသပ်ဖို့ ဟင်းချက်ပြိုင်ပွဲကို ကျင်းပပေးတာလို့ သိရပါတယ်။ စားဖိုမှူးကြီးတွေ၊ ဆရာဝန်တွေက အကဲဖြတ်ဒိုင်လူကြီးတွေအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒီနောက် စာရေးဆရာမ ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က နေ့စဉ်လူတို့စားသုံးနေသော အစားအစာတွေကို ကျန်းမာရေးအတွက် အကျိုးရှိအောင် ဘယ်လိုရွေးချယ်သင့်ကြောင်း မျှဝေပေးခဲ့ပြီး ဒေါက်တာဇာနည်လင်းကျော်က ခန္ဓာကိုယ်အတွက် ရေသောက်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး၊ နေ့စဉ်ရှင်သန် နေထိုင်မှုဘဝမှာ ရေသောက်ခြင်းဟာ အရေးပါပုံ စတဲ့အကြောင်းအရာတွေကို ဝေမျှပေးခဲ့ပါတယ်။ Active 7 Active 5 Active 4   Active 6 Active 1 Active 2 Active 3