J T Wang
ထိုင်ဝမ်ကွန်ပျူတာကုမ္ပဏီ Acer ဟာ ဒီနှစ်တတိယသုံးလပတ်မှာ ထိုင်ဝမ်ဒေါ်လာ ၁၃.၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၄၄၂.၂ သန်း) အသားတင်အရှုံး ပေါ်ခဲ့တဲ့ အတွက် Acer ရဲ့ Chairman နဲ့ CEO ဖြစ်သူ J T Wang ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ Wang ရဲ့ နုတ်ထွက်မှုကို ဒါရိုက်တာ ဘုတ်အဖွဲ့က အတည်ပြုခဲ့ပြီးဖြစ်ပေမယ့် Chairman ရာထူးကိုတော့သူရဲ့ လက်ရှိသက်တမ်းဖြစ်တဲ့ နောက်နှစ်ဇွန်လအထိ ဆက်လက်တာဝန်ယူသွားမယ်လို့သိရပါတယ်။ "Acer ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ရှုပ်ထွေးပြီး ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဘဏ္ဍာရေးရလဒ်တွေက ဆက်တိုက်ဆိုးရွားနေခဲ့တဲ့အတွက် အခု အချိန်ဟာ Acer အတွက် ကဏ္ဍအသစ်ဖွင့်လှစ်နိုင်ဖို့ ကျွန်တော့်အနေနဲ့ စီမံခန့်ခွဲမှုအဖွဲ့အသစ်ကို တာဝန်လွှဲပြောင်းပေးဖို့အကောင်းဆုံးအချိန်ဖြစ်တယ်'' လို့ Wang က ဆိုပါတယ်။ CEO ရာထူးကို လက်ရှိဥက္ကဋ္ဌ Jim Wong က ဇန်နဝါရီလကစပြီး တာဝန်ယူမှာဖြစ်ပြီး ဇွန်လနောက်ပိုင်း Chairman ရာထူးကိုတော့ ကုမ္ပဏီက မထုတ်ပြန် ခဲ့ပါဘူး။ Ref: CNA