ဆိုင်ဖွင့်လှစ်ခဲ့တဲ့ခုနှစ်နဲ့ ဆိုင်လိပ်စာ . . .
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Asia Business Centre မြေညီထပ်၊ မဟာဗန္ဓုလလမ်းနဲ့ ၄၈ လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပြီး ဖုန်းနံပါတ် ၀၉-၉၆၄၅၈၈၈၇၅ ကို ဆက်သွယ်နိုင်ပါတယ်။ 800 Bowls ဆိုတာက 800 Bowls လို့ နာမည်ပေးထားတာက တစ်ရက်ကို ဟင်းပွဲရှစ်ရာ ရောင်းမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ပေးထားတာပါ။
ဆိုင်မှာရနိုင်တဲ့ Menu တွေက . . .
800 Bowls က အဓိကတရုတ်အစားအစာတွေကို ရောင်းတာပါ။ La Mian ခေါက်ဆွဲ၊ ပေါက်စီ၊ Xiao Long Poung နဲ့ တခြားပုံမှန်ဟင်းပွဲတွေဖြစ်တဲ့ ကြက်သား၊ ဝက်သား၊ ငါးနဲ့ ပုစွန်ဟင်းပွဲတွေလည်း ရနိုင်ပါတယ်။ La Mian ဆိုတာက တရုတ်ဘာသာစကားလို လက်ဆွဲခေါက်ဆွဲလို့ ပြောတာပါ။ La Mian ခေါက်ဆွဲကို အသားတွေ၊ ဖက်ထုပ်တွေနဲ့ ရနိုင်ပါတယ်။
ထူးခြားချက် . . .
ထူးခြားတာက La Mian ခေါက်ဆွဲတွေကို ဧည့်သည်မှာမှ တစ်ပွဲချင်းစီ လုပ်ပေးတာပါ။ ကြိုလုပ်ထားတာမျိုး မဟုတ်ဘဲ ခေါက်ဆွဲသားလုပ်တာကို စားတဲ့သူတွေ ကိုယ်တိုင်လည်း အစအဆုံး ကြည့်လို့ရတယ်။ ပေါက်စီဆိုရင်လည်း အချိန်ပြည့်အပူပေးပြီး ပေါင်းထားတာမျိုးမဟုတ်ဘဲ ဧည့်သည်က စားမယ်ဆိုမှ စပေါင်းပေးတယ်။ ဒါကြောင့် ပေါက်စီတွေက လတ်လတ်ဆတ်ဆတ်နဲ့ အရသာလည်း ပိုရှိတယ်။
ဆိုင်ရဲ့ရည်ရွယ်ချက် . . .
800 Bowls ကို စင်ကာပူနိုင်ငံသားက လာဖွင့်ထားတာပါ။ သူတို့က မြန်မာနိုင်ငံမှာ စီးပွားရေးတစ်ခုအနေနဲ့ လာလုပ်တာဖြစ်သလို စင်ကာပူနဲ့တခြားနိုင်ငံတွေမှာ နာမည်ကြီးပြီးသားဖြစ်တဲ့ La Mian ခေါက်ဆွဲကို မြန်မာနိုင်ငံမှာလည်း စတင်မိတ်ဆက်ပေးချင်လို့ 800 Bowls ကို ဖွင့်ခဲ့တာပါ။
ဆိုင်ဖွင့်ချိန် . . .
မနက် ၈ နာရီကနေ ည ၁၀ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ မနက် ၈ နာရီကစပြီး Breakfast ရပါမယ်။
ဈေးနှုန်း . . .
ခေါက်ဆွဲတစ်ပွဲဆိုရင် ၄,၅၀၀ ကျပ်ကနေ ငါးထောင်ကျပ်အထိပါ။ ပုံမှန် အသားငါးဟင်းပွဲတွေဆိုရင် လေးထောင်ကျပ်ကနေ ၁၃,၀၀၀ ကျပ်အထိ ရှိပါတယ်။ ပေါက်စီကတော့ တစ်ပွဲကို သုံးထောင်ကျပ်ပါ။ ပေါက်စီတစ်ပွဲမှာ ပေါက်စီနှစ်လုံး ပါပါတယ်။
အနာဂတ်အစီအစဉ် . . .
ဆိုင်မှာ Menu အသစ်တွေ အများကြီး ထပ်တိုးသွားဖို့ ရှိပါတယ်။ နောက်ပိုင်း ရန်ကုန်မြို့မှာ ဆိုင်ခွဲတွေလည်း ထပ်ဖွင့်သွားဖို့ရှိပါတယ်။