740 Park : The Story of the World's Richest Apartment Building

2 ရေးသူ  -         Michael Gross စာမျက်နှာပေါင်း -         ၅၇၆ မျက်နှာ ထုတ်ဝေသူ      -         Broadway Books အရွယ်အစား    -         ၁.၂ဓ _၅.၅ဓ _၈.၁ဓ ထုတ်ဝေသည့်နေ့         -         ၁၀-၁၀-၂၀၀၆ ISBN-10:0767917448 ISBN-13:978-0767917445   အမေရိကန်ပြည်ထောင်စု (New York City) ရဲ့အစိတ်အပိုင်းဖြစ်တဲ့ Manhattan အရပ်မှာ 740 Park လို့ ခေါ် တဲ့ အခန်းတွဲတိုက်ကြီးအကြောင်း ရေးသားထားတာဖြစ် ပါတယ်။ ဒီတိုက်ကြီးရဲ့သက်တမ်းက ၇၅ နှစ်ကျော်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ လူချမ်းသာကြီးတွေ၊ နာမည် ကြီးတွေ နေထိုင်ခဲ့ကြတယ်။ ဒီတိုက်ကြီးကို ဖွင့်ခါစ ၁၉၃၀ ခုနှစ်အတွင်း စတော့ဈေးကွက်ပြိုလဲသွားတာနဲ့ကြုံလို့ အမြဲနေနိုင်သူ ရှားပြီး ဆယ်စုနှစ်များစွာ ငှားရမ်းခဲ့ရတယ်။ တိုက်ကြီးအတွင်းမှာ နေထိုင်ကြတဲ့ အထက်တန်းလွှာလူတန်းစားတွေရဲ့ဘဝတွေ ကိုလည်း နှိုက်နှိုက်ချွတ်ချွတ်လေ့လာတင်ပြထားတယ်။ အဲဒီ လူတွေ ဘာတွေလုပ်ခဲ့ကြသလဲ။ ဘယ်နှကြိမ်  အိမ်ထောင် ပြုခဲ့ကြသလဲ စတာတွေပါပဲ။ အခုအခါမှာတော့ ဒီတိုက် ကြီးထဲမှာ ဂျူးလူမျိုးတွေလည်း နေထိုင်နိုင်ကြပေမဲ့ အာဖ ရိကတိုက်က အမေရိကန်ကို လာနေသူတွေကိုတော့ နေခွင့် မပြုသေးဘူး။