ကုမ္ပဏီရဲ့ လူမျိုးပေါင်းစုံပါဝင်တဲ့ အစီရင်ခံစာအရ Apple ကို လူဖြူအမျိုး သားတွေက လွှမ်းမိုးထားကြောင်း ဖော် ပြနေပါတယ်။ လက်လီအရောင်းဆိုင် တွေက အလုပ်သမားတွေပါ ပါဝင်တဲ့ Apple ရဲ့အလုပ်သမား ၉၈,၀၀၀ မှာ လူဖြူ ၅၅ ရာခိုင်နှုန်း၊ အာရှသား ၁၅ ရာခိုင်နှုန်း၊ လက်တင်အမေရိကန် ၁၁ရာခိုင်နှုန်း၊ လူမည်း ၇ရာခိုင်နှုန်း ပါဝင်ပြီး ကျန်တဲ့ ၁၂ ရာခိုင်နှုန်းကတော့ အခြားလူမျိုးတွေဖြစ်ပါတယ်။ ကျားမခွဲကြည့်မယ်ဆိုရင် ၇၀ ရာခိုင် နှုန်းကအမျိုးသားတွေဖြစ်ကြပြီး ၃၀ ရာခိုင်နှုန်းက အမျိုးသမီးများတွေ ဖြစ် ပါတယ်။ နည်းပညာရှင်တွေ ၈၀ရာခိုင် နှုန်းမှာ အများစုက အမျိုးသားတွေ ဖြစ်ပြီး၊ လူဖြူ ၅၄ရာခိုင်နှုန်း၊ အာရှ သား ၂၃ရာခိုင်နှုန်း၊ လက်တင်အမေရိ ကန် ၇ ရာခိုင်နှုန်းနဲ့ လူမဲ ၆ ရာခိုင် နှုန်းဖြစ်ကြပါတယ်။ ခေါင်းဆောင်မှု ပိုင်းရဲ့ ၇၂ရာခိုင်နှုန်းကလဲ အမျိုးသား တွေဖြစ်ကြပြီး လူဖြူ ၆၄ ရာခိုင်နှုန်း၊ အာရှသား ၂၁ရာခိုင်နှုန်း၊ လက်တင် အမေရိက နိုင်ငံသား ၆ ရာခိုင်နှုန်းနဲ့ လူမည်း ၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ''ပွင့်ပွင့်လင်းလင်း ပြောရ ရင် CEO တစ်ယောက်အနေနဲ့ ဒီအ ရေအတွက်နဲ့ ပက်သက်ပြီး ကျေနပ်မှု မရှိပါဘူး ။ဒါတွေက ကျွန်တော်တို့ အတွက် အသစ်အဆန်းမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေကို တိုးတက်အောင်မြင်အောင် လုပ်နေသ လိုပဲ လူမျိုးပေါင်းစုံ ပါဝင်နိုင်အောင် ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်'' လို့ Apple ရဲ့ CEO Tim Cook က ပြောပါတယ်။