7 Day News Journal ရဲ့ ၁၄ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား

7 Day News Journal ရဲ့ ၁၄ နှစ်ပြည့်မြောက်တဲ့ နှစ်ပတ်လည်အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ မတ်လ ၇ ရက်က ရန်ကုန်မြို့၊ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။ ပွဲမှာ 7 Day News ရဲ့ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်းက အဖွင့်နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး အမှတ်တရဂုဏ်ပြုစကားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးက ပြောကြားပေးခဲ့ပါတယ်။ နှစ်ပတ်လည်အခမ်းအနားနဲ့ တစ်ဆက်တည်း 7 Day Hero ဂုဏ်ပြုဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ပါတယ်။ 7 Day Hero ဆုတွေကို ရာဇဂြိုဟ်ဆည်မှ အညတရသူရဲကောင်းများ အဖြစ် ရေဘေးကြုံခဲ့စဉ်က ကလေးမြို့အနီးမှာရှိတဲ့ ရာဇဂြိုဟ်ဆည်အတွင်း သစ်တုံးတွေနဲ့ပိတ်ဆို့နေတာကြောင့် ဆည်ကျိုးပေါက်သွားနိုင်တဲ့အခြေအနေမှာ သစ်တုံးတွေကို သက်စွန့်ဆန်ဖျား ဖယ်ရှားပေးခဲ့တဲ့ ရာဇဂြိုဟ်ရွာသားလေးဦးကိုလည်းကောင်း၊ ဘေးသင့်နေသူများအား အမြန်ဆုံးကူညီနေသူ ဝေဋ္ဌုကျော်ဖောင်ဒေးရှင်းကိုလည်းကောင်း၊ ကျည်ဆန်များကြားမှ ကရုဏာလက်များ အဖြစ် လောက်ကိုင်တိုက်ပွဲအကြား ဒဏ်ရာရသူတွေကို တတ်အားသရွေ့ ဆေးကုသပေးခဲ့တဲ့ ကွမ်းလုံဆေးရုံအုပ်ကြီးဒေါက်တာသိမ်းမြို့နဲ့ ဆေးရုံဝန်ထမ်းတွေကိုလည်းကောင်း၊ လူ ၁၆၉ ဦးအသက်ကယ်ခဲ့သော တံငါသည်ငါးဦးအဖြစ် ကျောက်ဖြူမြို့မှ မြေပုံမြို့ကို ထွက်ခွာလာတဲ့ အောင်တံခွန် ၃ သင်္ဘောမှောက်ခဲ့စဉ်က လှေတွေနဲ့ ကယ်တယ်ခဲ့တဲ့ တံငါသည်ငါးဦးဖြစ်တဲ့ ဦးသန်းအောင်၊ ဦးကျော်ဆန်းမြင့်၊ ကိုဇော်မျိုးသန်း၊ ကိုအောင်မျိုးသန့်နဲ့ ကိုသန်းမြင့်ကျော်တို့အားလည်းကောင်း၊ နိုင်ငံသစ်ကိုပုံဖော်ခဲ့သောလက်သန်းများအဖြစ် ၂၀၁၆ ရွေးကောက်ပွဲတွင် ရဲရဲဝင့်ဝင့်မဲပေးခဲ့သော ပြည်သူပြည်သားတွေအားလည်းကောင်း ဆုချီးမြှင့်ခဲ့ပါတယ်။

 

IMG_20160410_105354IMG_20160410_110121 IMG_20160410_113747 IMG_20160410_115059 IMG_20160410_113143 IMG_20160410_112229