![ECO University 5](http://www.ceo-myanmar.com/wp-content/uploads/2014/10/ECO-University-5.png)
ရန်ကုန်စီးပွါးရေးတက္ကသိုလ်ဟာဆိုရင် ၁၉၆၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ဒီကနေ့ ၂၀၁၄ ခုနှစ်မှာတော့ နှစ်ပေါင်း ၅၀ ပြည့်ခဲ့တာပဲဖြစ်ပါတယ်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်ကနေ နိုဝင်ဘာလ ၂ ရက်အထိ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ လှိုင်နယ်မြေအတွင်းမှာ နေ့စဉ် နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ သုံးရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ အခမ်းအနားမှာ စာတမ်းဖတ်ပွဲတွေ၊ ဓာတ်ပုံပြပွဲတွေ၊ ကုမ္ပဏီအသီးသီးက ပြခန်းတွေ၊ ဘွဲ့ရ၊ ဘွဲ့လွန်၊ အဆောင်နဲ့ နေ့ကျောင်းသားကျောင်းသူတွေရဲ့ ဈေးရောင်းပွဲတော်နဲ့ အဆို၊ အကဖျော်ဖြေမှုတွေ ပါဝင်မယ်လို့ သိရပါတယ်။ TODAY စာအုပ်တိုက်အနေနဲ့လည်း ဈေးရောင်းပွဲတော်မှာ TODAY တိုက်ထုတ်စာအုပ်တွေဖြစ်တဲ့ စီမံခန့်ခွဲမှု၊ ပညာရပ်၊ ကျန်းမာရေး၊ လှုမှုစီးပွားရေး၊ သုတ၊ နည်းပညာ၊ အတွေးအမြင်ဆိုင်ရာ စတဲ့ စာအုပ်တွေကို မူလဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်း လျှော့ပြီး ရောင်းချပေးခြင်းအားဖြင့် ပါဝင်အားဖြည့်ထားပါတယ်။ စုစုပေါင်း ကျပ်သုံးသောင်းဖိုးနဲ့အထက် ဝယ်ယူအားပေးသူတွေကို Shit Happen So Get Over It စာအုပ်တစ်အုပ် လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ လာရောက်ဝယ်ယူအားပေးသူတိုင်းကိုတော့ Lifestyle မဂ္ဂဇင်း၊ ဒါမှမဟုတ် CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှု မဂ္ဂဇင်း တစ်အုပ်စီ လက်ဆောင်ပေးမယ့် အစီအစဉ် ပါဝင်ပါတယ်။ ပြပွဲကာလအတွင်း TODAY စာအုပ်တိုက်က လစဉ် ထုတ်ဝေလျက်ရှိတဲ့ မဂ္ဂဇင်းတွေကို ကြိုတင်မှာယူ လိုသူတွေအတွက်လည်း အခမ်းအနား သုံးရက်တာကာလအတွင်း Lifestyle မဂ္ဂဇင်းကို တစ်နှစ်စာ သုံးသောင်း ကျပ်၊ CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်းကို တစ်နှစ်စာ နှစ်သောင်းကျပ်၊ T-Club မဂ္ဂဇင်းကို တစ်နှစ်စာ တစ်သောင်းကျပ်၊ ပလုတ်တုတ်ကလေးဂျာနယ်ကို တစ်နှစ်စာ တစ်သောင်းကျပ်တို့နဲ့ အသီးသီး ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ![ECO University 6](http://www.ceo-myanmar.com/wp-content/uploads/2014/10/ECO-University-6.png)
![ECO University 7](http://www.ceo-myanmar.com/wp-content/uploads/2014/10/ECO-University-7.png)
![ECO University 11](http://www.ceo-myanmar.com/wp-content/uploads/2014/10/ECO-University-11.png)
![ECO University 10](http://www.ceo-myanmar.com/wp-content/uploads/2014/10/ECO-University-10.png)
![ECO University 9](http://www.ceo-myanmar.com/wp-content/uploads/2014/10/ECO-University-9.png)
![ECO University 8](http://www.ceo-myanmar.com/wp-content/uploads/2014/10/ECO-University-8.png)
![ECO University 3](http://www.ceo-myanmar.com/wp-content/uploads/2014/10/ECO-University-3.png)
![ECO University 2](http://www.ceo-myanmar.com/wp-content/uploads/2014/10/ECO-University-2.png)
![ECO University 1](http://www.ceo-myanmar.com/wp-content/uploads/2014/10/ECO-University-1.png)
![ECO University 12](http://www.ceo-myanmar.com/wp-content/uploads/2014/10/ECO-University-12.png)
![ECO University 13](http://www.ceo-myanmar.com/wp-content/uploads/2014/10/ECO-University-13.png)
![ECO University 14](http://www.ceo-myanmar.com/wp-content/uploads/2014/10/ECO-University-14.png)
![ECO University 4](http://www.ceo-myanmar.com/wp-content/uploads/2014/10/ECO-University-4.png)
![ECO University 15](http://www.ceo-myanmar.com/wp-content/uploads/2014/10/ECO-University-15.png)