ဗီယက်နမ်နိုင်ငံမှာ 4G စနစ်ကို ၂၀၁၇ ခုနှစ်မှာ ဝန်ဆောင်မှုပေးဖို့ Viettel Group ၊ MobiFone ၊ Vinaphone - နဲ့ Gtel Mobile တို့ကို အစိုးရက တရားဝင် လိုင်စင်ချပေးလိုက်ပါတယ်။ ဒါကြောင့် 4G ဝန်ဆောင်မှုပေးနိုင်တဲ့ ဖုန်းတွေကို ဝယ်ယူမှုပမာဏဟာ ခန့်မှန်းခြေ ၃၃ သန်းရှိခဲ့ပါတယ်။
4G ဝန်ဆောင်မှုကို မိတ်ဆက်ပေးလိုက်တာဟာ ကုန်ပစ္စည်းသစ်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်တွေကို ဖန်တီးပေးလိုက်တာဖြစ်တယ်လို့ ခန့်မှန်းနေကြပါတယ်။ လက်ရှိမှာ ဗီယက်နမ်နိုင်ငံက ၃၇ သန်းသော ဖုန်းကိုင်သူတွေထဲမှာမှ 4G ဝန်ဆောင်မှုရရှိနိုင်တဲ့ ဖုန်းတွေကိုင်ဆိုင်ထားသူတွေဟာ ၅ ရာခိုင်နှုန်းပဲ ရှိနေပါသေးတယ်။ 4G ဝန်ဆောင်မှုကြောင့် တယ်လီကွန်းဆိုင်ရာ ဆက်စပ်လုပ်ငန်းဆောင်ရွက်တဲ့ လုပ်ငန်းတွေအနေနဲ့ အင်တာနက်အသုံးပြုမှုနှုန်းဟာလည်း မြင့်တက်လာနိုင်တဲ့ အနေအထားမှာရှိနေသလို တယ်လီကွန်းကဏ္ဍကို ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဝင်လာမယ့် အလားအလာတွေလည်း ရှိနေပါတယ်။
ဒါအပြင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေဟာ ဗီယက်နမ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး အော်ပရေတာဖြစ်တဲ့ MobiFone ရဲ့ စတော့ရှယ်ယာတွေကို ဝယ်ယူဖို့ စိတ်အားထက်သန်နေကြပါတယ်။ လက်ရှိမှာတော့ MobiFone ရဲ့ ရှယ်ယာတွေကို Singapore’s Singtel ၊ Australia’s Telstra ၊ Malaysia’s Axiata နဲ့Norway’s Telenor တို့က ဝယ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ စစ်တမ်းအရ သိရပါတယ်။