News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
2nd Myanmar Transport and Logistics Summit
Editorial
January 26, 2015
Local News
News
မြန်မာနိုင်ငံ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနနဲ့ Comarco ကုမ္ပဏီတို့ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ Centre for Management Techanology (CMT) ကကြီးမှူးကျင်းပတဲ့ 2
nd
Myanmar Transport and Logistics Summit ပွဲကို ရန်ကုန်မြို့ PARKROYAL Hotel တွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ၊ ၁၉ ရက်မှ ၂၀ ရက်ထိ ကျင်းပခဲ့ရာ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ ကုန်သွယ်ရေး အစရှိသော နယ်မြေအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်ကြီးတွေနဲ့ သတင်းနဲ့ စာနယ်ဇင်းမီဒီယာသမားပေါင်း ၁၀၀ ကျော်တတ်ရောက်ခဲ့ကြပါတယ်။ ဒီပွဲကို မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်မြောက် ကျင်းပတာဖြစ်ပြီး သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အခုထက်ပိုမိုဆောင်ရွက်သွားနိုင်အောင် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ''နိုင်ငံတစ်နိုင်ငံဟာ သယ်ယူပို့ဆောင်ရေး အားနည်းနေတယ်ဆိုရင် ကုန်သွယ်ရေးအပိုင်းမှာလည်း အားနည်းနေမှာဖြစ်တဲ့အတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကလည်း အလွန်အားနည်းနေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က မြန်မာနိုင်ငံမှာ သယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုတိုးတက်လာဖို့နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုရရှိလာအောင် ရည်ရွယ်ပြီး ဒီပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်"လို့ CMT ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ Mr G.Seelan က ပြောကြားခဲ့ပါတယ်။ ပွဲမှာ ရေကြောင်း၊ လေကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေး၊ သီလဝါ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောက်ဖြူ စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍတွေအပါအဝင် ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံရေး ကဏ္ဍရပ်တွေကို နယ်ပယ်အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်တွေက အသီးသီးတင်ပြဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း