News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
2nd Myanmar Health Expo 2015
Editorial
February 6, 2015
Health
Local News
News
မြန်မာနိုင်ငံ ဆေးနဲ့ဆေးဝါးပစ္စည်းကုန်သည်များနဲ့ လုပ်ငန်းရှင်များအသင်း (Myanmar Pharmaceutical & Medical Equipment Entrepreneurs' Association - MPMEEA) က ကြီးမှူးပြီး ဒုတိယအကြိမ် မြန်မာကျန်းမာရေးဆိုင်ရာပြပွဲ (2
nd
Myanmar Health Expo 2015) ကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်ကနေ ၇ ရက်အထိ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပလျက်ရှိပါတယ်။ ပြပွဲ ဖွင့်ပွဲနေ့မှာ မြန်မာနိုင်ငံ ဆေးနဲ့ဆေး ပစ္စည်းကုန်သည်များနဲ့ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူက အဖွင့်အမှာစကားနဲ့အတူ မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနေတဲ့ ဆေးဝါးတွေ၊ ဆေးဝါး ကုမ္ပဏီတွေ၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေအကြောင်း ပြည်သူလူထုအကြား အသိပညာပေးဖို့နဲ့ ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ … စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပကြောင်း ပြောကြားသွားပါတယ်။ အခမ်းအနားကို ရန်ကုန်တိုင်းဒေကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ကျန်းမာရေးဦးစီးဌာန ဆေးသုတေသန (ဦးစီးဌာန)(အောက်မြန်မာပြည်) ညွှန်/ချုပ် ဒေါက်တာကျော် ဇင်သန့်၊ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ S ကျော်လှ၊ မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခ Dr Ray Mra ၊ မြန်မာနိုင်ငံ ဆေးနဲ့ဆေးပစ္စည်း ကုန်သည်များနဲ့လုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူနဲ့ ပုဂ္ဂလိကဆေးရုံ လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဒေါက်တာရဲမိုးမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပြပွဲမှာ ပြည်တွင်းပြည်ပက ဆေးနဲ့ဆေးပစ္စည်း ထုတ်လုပ်တင်သွင်း ရောင်းချသူများ၊ ပြည်တွင်းပြည်ပ ဆေးရုံနဲ့ကျန်းမာရေးဝန်ဆောင် မှုလုပ်ငန်းများက အနောက်တိုင်းဆေးဝါးနဲ့ ဆေးပစ္စည်းများ၊ ဖြည့်စွက်အာဟာရပစ္စည်းများ၊ အလှအပဆိုင်ရာကျန်းမာရေးပစ္စည်းများ၊ ဆေးပစ္စည်းကိရိ ယာများနဲ့ဆေးရုံသုံးပစ္စည်းများကို ဝင်ရောက်ပြသထားပါတယ်။ ဟောပြောပွဲအစီအစဉ်အဖြစ် ဖေဖော်ဝါရီလ ၆ ရက်(ယနေ့)မှာ ပါမောက္ခဦးသံစစ်က `အသည်း(B)ပိုး၊ (C) ပိုး ပပျောက်ရေး´ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်မှာ ဒေါက်တာခင်မောင်လွင် (Fame) က `Natural Medicines for CKD (Chronic Kidney Disease)´ ခေါင်းစဉ်နဲ့ ဟောပြောမှာဖြစ်ပါတယ်။ ပြပွဲကို မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှု လေ့လာ ဝယ်ယူနိုင်ကြောင်း သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း