News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
2nd Myanmar Bartenders' Championship 2015 စာနယ်ဇင်းရှင်းလင်းပွဲနဲ့ Sponsors တွေနဲ့ လက်မှတ်ရေးထိုးပွဲကျင်းပ
Editorial
July 22, 2015
Local News
News
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒုတိယအကြိမ် ပြုလုပ်မဲ့ Myanmar Bartenders' Championship 2015 ပြိုင်ပွဲနဲ့ ပက်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၁ ရက်က ရန်ကုန်မြို့ အင်းယားလမ်း ရှိ စိမ်းလန်းစိုပြေပန်းခြံမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲကို ၂၀၁၅ ခုနှစ် ဇူလိုင် ၂၈ရက်ကနေ ၃၀ ရက်ထိ ရန်ကုန်မြို့ အင်းယားလိပ် ဟိုတယ်ဝင်းအတွင်းမှာရှိတဲ့ DJ Bar မှာ ပြုလုပ်မယ်လို့ သိရှိရပါတယ်။ ပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပက်သက်ပြီး မြန်မာနိုင်ငံ အဖျော်ယမကာ ကျွမ်းကျင်ဖျော်စပ်သူများအသင်း(MBA) ကို တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဦးထွန်းထွန်းအေးက'' ၂၀၁၄ ဇွန်လက 1st Myanmar Bartenders' Championship လုပ်တယ်။ လုပ်ပြီးတော့ နောက်နှစ်မှာ Asian နဲ့ Asia Pecific ကိုပြိုင်ပွဲတွေအတွက် လူလွှတ်မယ်ဆိုရင် Bartender Association မရှိရင် လူလွှတ်လို့မရဘူး၊ ဒါကြောင့် MBA အဖြစ် Bartender တွေနဲ့ ၂၀၁၅ ဖေဖော်ဝါရီလမှာ စဖွဲ့ခဲ့ပါတယ်။ ဒီပြိုင်ပွဲပြီးသွားရင် Asia Pecific ကိုနှစ်ယောက်၊ Asian ကို နှစ်ယောက် ပြိုင်ပွဲဝင်ဖို့ စေလွှတ်သွားမှာပါ'' လို့ ပြောခဲ့ပါတယ်။ မြန်မာဘားတန်တာတွေရဲ့ အရည်အချင်းတွေ၊ နိုင်ငံတကာအဆင့်မီ ဘားတန်တာ ထွက်ပေါ်လာစေဖို့နဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာစေဖို့ ဒီပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ဒီပြိုင်ပွဲကို မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းနဲ့ မြန်မာနိုင်ငံ အဖျော်ယမကာ ကျွမ်းကျင်ဖျော်စပ်သူများအသင်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး Main Sponsor အဖြစ် Johnnie Walker က ကူညီပံ့ပိုးတယ်လို့ သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း