ကမ္ဘောဒီးယားရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မူဝါဒတွေဟာ နိုင်ငံခြားသားတွေကို အကျိုးပြုတဲ့ ဥပဒေနဲ့ မူဝါဒတွေဖြစ်ကြပါတယ်။ ဥပမာအားဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီတွေကို ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်လုပ်ကိုင်ခွင့် ရှိတယ်။ ဒီကုမ္ပဏီတွေကို ရှစ်နှစ်တာကြာကာလအထိ အခွန်လျှော့ကောက်ခြင်း၊ ဒါမှမဟုတ် ကင်းလွတ်ခွင့်ပေးခြင်းတွေ ရှိတယ်။ အဲဒီကာလနောက်ပိုင်းမှာ အခွန် ၂၀ ရာခိုင်နှုန်း ကောက်တယ်။ ရမှတ်တွေရဲ့ ဝင်ငွေ၊ ဒါမှမဟုတ် မတည်အရင်းငွေပေါ်မှာ အဲဒီလို ကောက်ခံခြင်းဖြစ်တယ်။ လာရောက်ရင်းနှီးလုပ်ကိုင်သူတွေဟာ လုပ်ငန်းရင်းနှီးငွေတွေကို မိမိတို့ အမိနိုင်ငံအသီးသီးကို အကန့်အသတ်အချုပ်အချာမဲ့ လွှဲပြောင်းပေးပို့နိုင်ကြတယ်။
ကမ္ဘောဒီးယားရဲ့ စီးပွားရေးအခြေအနေဟာ ဒီနှစ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် အောင်အောင်မြင်မြင် ဆက်လက်ရှင်သန်သွားမှာ ဖြစ်ပါတယ်။
များမကြာမီက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ရဲ့ အစီရင်ခံစာတွေအရ ကမ္ဘောဒီးယားဟာ စီးပွားရေးတိုးနှုန်း ၆.၉ ရာ ခိုင်နှုန်းမှ ၇.၁ ရာခိုင်နှုန်းအထိ ရောက်လာနိုင်တယ်။ အကြောင်းကတော့ ကမ္ဘာတစ်လွှားနဲ့ ဒေသတွင်းမှာ စီး ပွားရေးအလားအလာတွေ ကောင်းနေခြင်း၊ ပြည်ပပို့ကုန်အမယ်မျိုးစုံ တိုးချဲ့နိုင်ခြင်း၊ ဆောက်လုပ်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေ ခိုင်မာတောင့်တင်းမှုရှိနေခြင်းနဲ့ အစိုးရရဲ့ငွေကြေးပံ့ပိုးမှုရှိခြင်းတို့ ဖြစ်ပါတယ်။