ကုမ္ပဏီမှာ ဝန်ထမ်းတွေ စည်းစနစ်ကျကျ အလုပ်လုပ်အောင် ဘယ်လိုစီမံခန့်ခွဲသင့်ပါသလဲ . . .

ဒေါက်တာတင်မမစိုး - HR Consultant cum MD, Billion Force Services Co Ltd

ကုမ္ပဏီမှာ ဝန်ထမ်းတွေ စည်းစနစ်ကျကျ အလုပ်လုပ်အောင် ဘယ်လိုလုပ်ရမလဲဆိုတော့ ပထမဆုံး ဝန်ထမ်းတွေရဲ့ Position တွေ၊ Department တွေအလိုက် JD (Job Description) တွေ သေချာသတ်မှတ်ခွဲဝေထားပေးသင့်တယ်။ ဝန်ထမ်းတွေရဲ့ တာဝန်ယူရမယ့် Role နဲ့ Responsibility တွေကိုလည်း ရှင်းရှင်းလင်းလင်း သတ်မှတ်ထားသင့်တယ်။ ဒါအပြင် ပေါ်လစီတွေပေါ့။ HR ဆိုလည်း HR Policy နဲ့ဆိုင်တဲ့ ပေါ်လစီတွေ ဆွဲထားသင့်တယ်။ Finance ဆိုလည်း Finance နဲ့ဆိုင်တဲ့ ပေါ်လစီတွေ၊ Procedure တွေ ရေးထားမယ်။ ရေးဆွဲထားပြီးရင်လည်း ရေးဆွဲထားတဲ့အတိုင်း တိတိကျကျလိုက်နာပြီး အကောင်အထည်ဖော်ရမယ်။ ဥပမာ- Finance က ငွေထုတ်ပြီးသွားရင် ငွေပမာဏဘယ်လောက်ဆိုရင် ဘယ်နှရက်အတွင်း ပြန်ရှင်းရမယ်လို့ သတ်မှတ်ထားရင် သတ်မှတ်ထားတဲ့ရက်အတွင်း ပြန်ရှင်းရမယ်။ စည်းကမ်းတွေကို ချလည်းချမှတ်မယ်၊ လိုက်လည်း လိုက်နာမယ်ဆိုရင် စနစ်ကျလာမယ်။ အုပ်ချုပ်မှုနဲ့ တာဝန်ခံမှုတွေလည်း လိုအပ်ပါတယ်။ စနစ်တွေအတိုင်း သွားရဲ့လား၊ စည်းကမ်းတွေအတိုင်း သွားနေရဲ့လားဆိုတာကြည့်ရမယ်။ စနစ်တွေ၊ စည်းကမ်းတွေအတိုင်းလိုက်နာရင် Reward ပေးတာ၊ အသိအမှတ်ပြုတာတွေ လုပ်ပေးသင့်တယ်။သူတို့က ဒီစည်းကမ်းတွေကို လိုက်နာရင် ဒီလို Reward တွေ ရနိုင်တယ်ဆိုတဲ့အသိကို ရလာမယ်။ SOP (Standard Operation Procedure)  တွေ ရေးဆွဲထားပြီး အဲဒီ SOP တွေအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင် စနစ်ကျတဲ့အဖွဲ့အစည်းဖြစ်မှာပါ။ အဲဒီလိုသွားတဲ့အခါမှာလည်း အမြဲတမ်း စောင့်ကြည့်နေပေးဖို့ လိုပါတယ်။ Review တွေ ပြန်လုပ်ပေးဖို့ လိုတယ်။ Review ပြန်လုပ်ပြီး လိုအပ်ရင် Corrective Action လုပ်ပေးရမယ်။ ဆိုလိုတာက အလုပ်တစ်ခုကို  ငါးရက်နဲ့ပြီးရမယ်လို့ သတ်မှတ်ထားပေမယ့် ခုနစ်ရက်မှ ပြီးနိုင်တဲ့အလုပ်ဆိုရင် ခုနစ်ရက်လို့ နောက်ဆုတ်သတ်မှတ်ပေးပြီး သုံးရက်နဲ့ ပြီးနိုင်တယ်ဆိုရင်လည်း သုံးရက်လို့ ပြောင်းလဲသတ်မှတ်ပေးရမယ်။ ဒါတွေကို စစ်ဆေးတဲ့ Inspection လိုမျိုး Team လည်း ရှိသင့်တယ်။ အဲဒီ Team က သတ်မှတ်ထားတဲ့စည်းကမ်း၊ Procedure တွေကို ဝန်ထမ်းတွေက လိုက်နာကြရဲ့လားဆိုတာ Check List တွေနဲ့ Check လုပ်ပြီး Management Team ကို Report တင်တယ်၊ Management Team ကလည်း Report တွေကို ကောင်းကောင်း Action ယူပေးတယ်ဆိုရင် စနစ်ကျတဲ့ အဖွဲ့အစည်း ဖြစ်သွားမှာပါ။

sop

ဦးမျိုးသန်း၊ Head of HR and Learning and Development, PUMA Energy Myanmar

ဘယ်ကုမ္ပဏီမှ စည်းစနစ်ကျမှုပိုင်းမှာ ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ကုမ္ပဏီတိုင်းမှာ လိုအပ်ချက်တွေ ရှိပါတယ်။ နည်းစနစ်မကျသေးတဲ့ ကုမ္ပဏီတွေကို နည်းစနစ်ကျလာအောင် ဘယ်လိုလုပ်မလဲ၊ နည်းစနစ်ကျပြီးသားကုမ္ပဏီတွေကို ဒီထက်ပိုပြီး စည်းစနစ်ကျအောင် ဘယ်လိုလုပ်မလဲဆိုတာ မန်နေဂျာတစ်ယောက်အနေနဲ့ လုပ်ဖို့လိုပါတယ်။ ကုမ္ပဏီတစ်ခုက နည်းစနစ်ကျပြီး အဲဒီကုမ္ပဏီက အတော်ဆုံး၊ အကောင်းဆုံးဆိုတာမျိုးတော့ မရှိပါဘူး။ တော်တော်ရှားပါတယ်။ စည်းစနစ်မကျသေးတဲ့သူကို စည်းစနစ်ကျအောင် သင်ပေးရမယ်။ စည်းစနစ်ကျပြီးသားသူတွေကိုလည်း Role Model အဖြစ် တင်ပေးရမယ်။ စည်းကမ်းကို ပြောပြရမယ်။ မလိုက်နာရင် သူ့ကို အသိပေးရတယ်။ မဟုတ်ရင် သူ့ကို ခေါင်းဆောင်တင်ပေးလိုက်ရတယ်။ စည်းစနစ် ကျလား မကျဘူးလားဆိုတာက ရှိနေတဲ့ System ကို သိနေရုံမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ပါဝင်လည်ပတ်ရတယ်။ ကုမ္ပဏီတိုင်းက စည်းစနစ်ကျဖို့က တော်တော်ခက်ခဲပါတယ်။

ကိုယ့်ကုမ္ပဏီက လိုအပ်ချက်တွေ ရှိသေးတယ်ဆိုတာ သိရမယ်။ ပြီးတော့ ပြုပြင်ပြောင်းလဲရမယ်။ စည်းကမ်းတွေကို လိုက်နာရမယ်။