![](http://www.ceo-myanmar.com/wp-content/uploads/2014/05/bartender.jpg)
ချီးမြှင့် ပေးအပ်မည့် ဆုများမှာ ပထမဆု (ကျပ် ၅ သိန်း), ဒုတိယဆု (ကျပ် ၃ သိန်း), တတိယဆု (ကျပ် ၂ သိန်း) တို့အပြင် အခြား နှစ်သိမ့်ဆုလက်ဆောင်များ ပါဝင်ကြောင်း သိရပါသည်။ ထို့အပြင် ပထမဆု နှင့် ဒုတိယဆု ရရှိသူများသည် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ၂၀၁၄ ခုနှစ် ဇွန်လ (၂၀) ရက်တွင် ရန်ကုန်မြို့ Myanmar Convention Centre တွင်ပြုလုပ်မည့်(၁၁) ကြိမ်မြောက် အာဆီယံနိုင်ငံ Bartenders’ Championship 2014 ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြို င်ခွင့်ရရှိမှာ ဖြစ်ပြီး တတိယဆု ရရှိသူကိုတော့ ပြိုင်ပွဲဝင် အရံလူ အဖြစ် ရွေးချယ်ထားမည် ဖြစ်ကြောင်းသိရပါသည်။ စိတ်ပါဝင်စားသူများ မည်သူမဆို အောက်ပါလိပ်စာများတွင် ပြိုင်ပွဲဝင်လျှောက်လွှာများကို www.myanmar- restaurantassociation.com တွင် download ယူနိုင်သလို Monsoon Restaurant & Bar , အမှတ် (၈၅/၈၇)၊ သိမ်ဖြူလမ်း၊ ဗိုလ်တစ်ထောင် မြို့နယ်၊ ရန်ကုန်မြို့ ၊ Padonmar Restaurant, မှတ် (၁၀၅ - ၁၀၇)၊ ခရေပင်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ နှင့် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်း ၊ အမှတ် (၄၀ -၄၂)၊ ၅ လွှာ၊ ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဘဲတန်း မြို့နယ်၊ ရန်ကုန်မြို့ တို့တွင်လည်း အခမဲ့ သွားရောက်ထုတ်ယူနိုင်ကြောင်း သိရပါသည်။ အသေးစိတ်သိလိုပါက ဖုန်း - ၀၉ ၇၃၁၉၂၂၀၀ ၊ ၀၉ ၂၅၀၀၈၇၅၃၆ ၊ ၀၉ ၅၀၀၀၁၆၄ ၊ ၀၉ ၅၁၈၃၅၄၅ ၊ Email : [email protected], [email protected], [email protected] တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။ လျှောက်လွှာပိတ်ရက် မှာတော့ မေလ ၂၅ ရက်၊ ၂၀၁၄ ခုနှစ် ဖြစ်ကြောင်း သိရပါသည်