ရုရှားနိုင်ငံသားတွေရဲ့ အမေရိကန်ဒေါ်လာခြောက်ဘီလီယံဖိုး ငွေမည်းခဝါချမှုကို Deutsche Bank က စုံစမ်းစစ်ဆေးနေ

deutsche လေးနှစ်တာကာလအတွင်း ရုရှားနိုင်ငံရှိ ဂျာမနီဘဏ် Deutsche Bank နဲ့ ဆက်သွယ်ကာ စုစုပေါင်း အမေရိကန်ဒေါ်လာခြောက်ဘီလီယံဖိုးလောက် ငွေမည်းခဝါချခဲ့တယ်လို့ သံသယဖြစ်ရသူ ရုရှားနိုင်ငံသား တွေရဲ့ စာရင်းတွေကို အဲဒီဘဏ်က စတင်စစ်ဆေးနေပြီဖြစ်ပါတယ်။ အဲဒီလို သံသယရှိနေတာကို စစ်ဆေးပေးဖို့ ရုရှားနိုင်ငံရဲ့ဗဟိုဘဏ်က Deutsche Bank ကို အကြောင်းကြားခဲ့တာဖြစ်တယ်။ ဒီကိစ္စမှာ အကျုံးဝင်ပတ်သက်နေတဲ့ ရုရှားနိုင်ငံသားတွေဟာ စတော့တွေကို Deutsche Bank က တစ်ဆင့် ရုရှားသုံးငွေဖြစ်တဲ့ ရူဘယ်တွေနဲ့ဝယ်ယူပြီး တစ်ချိန်တည်းမှာပဲ လန်ဒန်ကတစ်ဆင့် အမေရိကန်ဒေါ်လာနဲ့ အရောင်းအဝယ်လုပ်ခဲ့ကြတာဖြစ်တယ်လို့ သံသယရှိထားတယ်။ Ref: Bloomberg