ရုရှားလူမျိုးခရီးသွားအရေအတွက် ၁၅ နှစ်အတွင်း အကျဆင်းဆုံးဖြစ်လာ

ရုရှားခရီးသွားလုပ်ငန်းအဖွဲ့အစည်း (RATA) ကထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ နှစ်စဉ် ပထမကိုးလအတွင်း (ဇန်နဝါရီမှတ်တမ်း)မှာ ခရီးသွားလေ့ရှိတဲ့ ရုရှားခရီးသွားဦးရေအရေအတွက်ဟာ အရင်ကထက် သုံးဆလောက် လျော့နည်းသွားပြီး ၁၅ နှစ်အတွင်း အကျဆင်းဆုံးဖြစ်တယ်လို့ သိရပါတယ်။ ရုရှားလူမျိုးခရီးသွားဧည့်သည်တွေ အနှစ်သက်ဆုံးဖြစ်တဲ့ တူရကီနဲ့ အီဂျစ်နိုင်ငံတွေမှာ နိုင်ငံရေးနဲ့စစ်ရေးအခြေအနေတွေကြောင့် သွားရောက်လည်ပတ်ခွင့် ပိတ်ပင်ထားတာရှိသလို ဘေးကင်းလုံခြုံတယ်ဆိုတဲ့နိုင်ငံတွေဆီ သွားရောက်လည်ပတ်မယ်ဆိုရင်လည်း ကုန်ကျစရိတ်တွေမြင့်တက်လာတာကြောင့် ခုလိုဖြစ်ရတယ်လို့ RATA က ရှင်းပြထားပါတယ်။ တခြား ဥရောပနိုင်ငံတွေဆီ လည်ပတ်မှုက ၃၄ ရာခိုင်နှုန်းလျော့ကျသွားကြောင်းလည်း သိရှိရပါတယ်။