နိုဘယ်-မြန်မာ စာပေပွဲတော်ကျင်းပ

Novel 7   နိုဘယ်-မြန်မာ စာပေပွဲတော်ဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်က ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံရှေ့မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါဖွင့်ပွဲကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး၊ စာရေးဆရာဦးသော်ကောင်း၊ နိုဘယ်မြန်မာကော်မတီဥက္ကဋ္ဌနဲ့ စာရေးဆရာဖေမြင့် တို့ကဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့ပါတယ်။ ဖဲကြိုးဖြတ်အခမ်းအနားပြီးတဲ့နောက်မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်ရဲ့သဝဏ်လွှာကို  နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကဖတ်ကြားခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့သဝဏ်လွှာကိုလည်း ပြည်ထောင်စုလွှတ်တော်ရုံးဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးကဖတ်ကြားခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်က အမှာစကားပြောကြားခဲ့ပြီးနောက်မှာ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ခွန်းဆက် ဗီဒီယိုဖိုင်ကိုပြသခဲ့ပါတယ်။ အဆိုပါ နိုဘယ်-မြန်မာစာပေပွဲတော်မှာ မြန်မာစာရေးဆရာများ၊ စာပေပညာရှင်များက စာတမ်း လေးစောင်ကိုဖတ်ကြားမှာဖြစ်ပြီး တက်ရောက်လာ တဲ့ပြည်တွင်းပြည် ပက စာပေပညာရှင်တွေကပြန်လှန်ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဇာတ်ရုံပြင်ပမှာလည်း စာအုပ်ဈေးပွဲတော်ကျင်းပခဲ့ရာ ထုတ်ဝေရေးစာအုပ်တိုက်ပေါင်း ၈၀ ကျော်က ဆိုင်ခန်းပေါင်း ၁၀၀ နီးပါးခင်းကျင်းရောင်းချခဲ့ပါတယ်။ ငြိမ်းချမ်းရေးကဗျာရွတ်ပွဲ၊ စာရေးသူများ၏စာဖတ်ဝိုင်း၊ စာပေစကားဝိုင်းတွေနဲ့ဖျော်ဖြေရေးအစီအစဉ်တွေကို ကျင်းပမှာဖြစ်ပြီး  ငြိမ်းချမ်းရေးကာတွန်းပြပွဲ၊ ဓာတ်ပုံနှင့်ပိုစတာပြပွဲတွေနဲ့အတူ စည်ကားသိုက်မြိုက်စွာ ဇန်နဝါရီလ ၁၇ ရက်မှ ၁၉ ရက်အထိ သုံးရက်တိုင်တိုင် နံနက် ၉ နာရီကနေ ည ၁၁ နာရီအထိကျင်းပခဲ့တာဖြစ်ပါတယ်။ Novel 6 Novel 5 Novel 4 Novel 3 Novel 2