ဗြိတိန်ရဲ့ House of Fraser စတိုးဆိုင်လုပ်ငန်းကို တရုတ်စီးပွားရေးလုပ်ငန်းရှင်က ဝယ်ယူဖို့ ကမ်းလှမ်း

article landscape wartermark final7 ဗြိတိန်နိုင်ငံက House of Fraser စတိုးဆိုင်လုပ်ငန်းစုကို တရုတ်စီး ပွားရေးလုပ်ငန်းရှင် Yuan Yafei က စတာလင်ပေါင် သန်း ၄၅၀ (အမေရိကန်ဒေါ်လာ၇၄၈ သန်း၊ ယူရို ၅၄၄ သန်း) နဲ့ ဝယ်ယူဖို့ အံ့သြဖွယ်ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။Yuan Yafie တည်ထောင်လည်ပတ်နေတဲ့ နန်ကျင်းအခြေစိုက် စီးပွားရေးလုပ်ငန်းစုကြီး Sanpower  အနေနဲ့ သက်တမ်း ၁၆၁ နှစ်ရှိပြီဖြစ်တဲ့ ဗြိတိန်လုပ်ငန်းစု နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။ Yafie  ရဲ့ ကမ်းလှမ်းမှု ကိုHouse of Fraser ရဲ့  Chairman Don McCarthy ကလက်ခံ ခဲ့ပြီး McCarthy  မိသားစုဟာ ကုမ္ပဏီရဲ့ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။House of Fraser ရဲ့ နှစ်စဉ် အရောင်း ဟာ တစ်နှစ်ကို စတာလင်ပေါင် ၁.၂ ဘီလီယံရှိပြီး ဗြိတိန်နဲ့ အိုင်ယာလန် တို့မှာ စတိုးဆိုင်ပေါင်း ၆၁ ဆိုင်ရှိပါတယ်။

  Ref: AFP