Chulalongkorn တက္ကသိုလ် Sasin မဟာဘွဲ့စီးပွားရေးဘာသာဌာန(Sasin)၊ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွဲ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဌာန (TICA) နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)တို့က ပူးပေါင်း ပေးအပ်တဲ့ Sasin – Royal Thai Government Scholarship နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်က တော်ဝင်ထိုင်းသံရုံးတွင် ကျင်းပခဲ့ပါတယ်။ ပညာသင်ဆု ၈ ဆုကို အာဆီယံနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဗီယမ်နမ်နဲ့ မြန်မာနိုင်ငံတို့အတွက် မဟာဘွဲ့စီးပွားရေး ဘာသာရပ်(MBA) ကို အချိန်ပြည့်တက်ရောက်သင်ကြားနိုင်တဲ့ ကျောင်းသူ/ကျောင်းသားတွေအတွက် သတ်မှတ်ထားပါတယ်။ ပညာသင်ဆုအတွက် လိုအပ်တဲ့အရည်အချင်းတွေကတော့ မြန်မာနိုင်ငံအစိုးရ အသိအမှတ်ပြု ဘွဲ့တစ်ခုရရှိရမှာဖြစ်ပြီး၊ သက်ဆိုင်ရာဘာသာရပ်နဲ့ ဆက်နွယ်မှုရှိတဲ့ အလုပ်အတွေ့အကြုံ တစ်နှစ်၊ နှစ်နှစ်အတွင်းဖြေဆိုထားတဲ့ TOFEL ဒါမှမဟုတ် IELTS နဲ့ ငါးနှစ်အတွင်း ဖြေဆိုထားတဲ့ GMAT ဒါမှမဟုတ် GRE ရမှတ်တွေလိုအပ်တယ်လို့သိရပါတယ်။ ပညာသင်ဆုကို Sasinr က အမေရိကန်ဒေါ်လာ ၅၀,၀၀၀ နဲ့ ထိုင်းတော်ဝင်အစိုးရ (RTG) က အမေရိကန်ဒေါ်လာ ၁၄,၀၀၀ ပေးအပ်မှာဖြစ်ပါတယ်။ အဆိုပါ ပညာသင်ဆုတွင် နေထိုင်စရိတ်၊ ကျန်းမာရေးစရိတ်၊ လစဉ်အသုံးစရိတ် နဲ့ မိမိနေရပ်ကနေ ထိုင်းနိုင်ငံကို အသွား၊ အပြန် လေယာဉ်လက်မှတ်စရိတ်တွေ ပါဝင်တယ်လို့သိရပါတယ်။ စိတ်ပါဝင်စားပြီး လျှောက်ထားလိုတဲ့သူများအနေနဲ့ MBA လျှောက်လွှာပုံစံကို ( Sasin MBA Application form) နဲ့ RTG ပညာသင်ဆုလျှောက်လွှာပုံစံကို ပြည့်စုံစွာဖြည့်စွက်ပြီး ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၁၅ နောက်ဆုံးထားပြီး တော်ဝင်ထိုင်းသံရုံးကို လူကိုယ်တိုင် ဒါမှမဟုတ် အီးမေးလ်နဲ့ ပေးပို့နိုင်တယ်လို့သိရပြီး လျှောက်လွှာပုံစံနဲ့ အသေးစိတ်အချက်အလက်ကို http://www.sasin.edu website ကနေ download ရယူနိုင်ပါတယ်။ အသေးစိတ်ပိုပြီး သိချင်တယ်ဆိုရင် တော်ဝင်ထိုင်းသံရုံးက First Secretary ဖြစ်တဲ့ Ms. Vitida Sivakua ဖုန်း 01 222 784၊ 226721 Ext 883 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။