News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
၂၀၁၅ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲ
Editorial
August 20, 2014
Local News
News
တတိယအကြိမ် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲကို First Myanmar Investment (FMI) နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) တို့မှ ပူးပေါင်းကျင်းပမည့် ၂၀၁၅ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲမိတ်ဆက်ခြင်း နှင့် သတင်းစာ ရှင်းလင်းပွဲအခမ်းအနားကို ၂၀၁၄ခုနှစ် သြဂုတ်လ ၁၅ရက်နေ့က ရန်ကုန်မြို့ရှိ Sule Shangri-la Hotel မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ ၂၀၁၄ ရိုးမ-ရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲရဲ့မှတ်တမ်းတင်ဓာတ်ပုံများကို ပြသခဲ့ပြီး ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူးဦးကျော်စိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ အဲ့ဒီ နောက်မှာတော့ Yoma Strategic Holdings ရဲ့ အမှုဆောင်အရာရှိချုပ် Mr Andrew Richards မှ ပွဲနှင့်ပက်သက်ပြီးရှင်းလင်းပြောကြားခဲ့ပါတယ်။ ၂၀၁၅ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာအပြေးပြိုင်ပွဲတွင် ပြည်တွင်းပြည်ပမှ ပြိုင်ပွဲဝင်ပေါင်း ၄၀၀၀ခန့် ပါဝင်မည်ဖြစ်ပြီး အပြေးပြိုင်ပွဲဝင်သူများ၊ အထောက်အပံ့ပေးသူများ၊ အခမဲ့ ပရဟိတကူညီပေးသူများ၊ စီးပွားရေးအဖွဲ့အစည်းများ၊ လူထုအားလုံး နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရပါတယ်။ ပြည်တွင်းမှ ပြိုင်ပွဲဝင်လိုသူများသည် FMI စင်တာ၊ အမှတ် (၃၀၈)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ကို လူကိုယ်တိုင်လာရောက်စာရင်းပေးသွင်းနိုင်ပြီး နိုင်ငံတကာမှ ပြိုင်ပွဲဝင်လိုသူများအနေဖြင့်
www.yomayangonmarathon.com
တွင်သြဂုတ်လ ၁၈ရက်နေ့မှ ဒီဇင်ဘာလ ၁၂ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ကြောင်း၊ သြဂုတ်လ ၁၈ရက်နေ့မှ အောက်တိုဘာလ ၁၀ရက်နေ့အတွင်း စာရင်းပေးသွင်းလှျှင် အထူးနှုန်းဖြင့် လက်ခံမှာဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲအမျိုးအစားများမှာ ၄၂ ကီလိုမီတာ မာရသွန်ပြိုင်ပွဲအပြည့်၊ ၂၁ ကီလိုမီတာ မာရသွန်ပြိုင်ပွဲတစ်ဝက်၊ ၁၀ကီလိုမီတာ အပြေးပြိုင်ပွဲနှင့် ၃ကီလိုမီတာ အပြေးပြိုင်-လမ်းလျှောက်ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပါတယ်။ ၄၂ကီလိုမီတာနှင့် ၂၁ကီလိုမီတာ ပြိုင်ပွဲတွင်ပါဝင်မယ့် ပြိုင်ပွဲဝင်များအနေနဲ့ ၂၀၁၄ခုနှစ်ဒီဇင်ဘာလ ၃၁ရက်တွင် အသက်၁၆နှစ်ပြည့်ပြီးသူများဖြစ်ဖို့လိုအပ်ကြောင်း၊ ၁၀ကီလိုမီတာ အပြေးပြိုင်ပွဲဝင်များအနေနဲ့ ၂၀၁၄ခုနှစ်ဒီဇင်ဘာလ ၃၁ရက်တွင် အသက် ၁၂နှစ်ပြည့်ပြီးသူများဖြစ်ဖို့လိုအပ်ကြောင်းနှင့် ၃ကီလိုမီတာအပျော်တမ်းပြိုင်ပွဲအတွက် အသက်ကန့်သတ်ထားခြင်းမရှိကြောင်းသိရပါတယ်။ အပြေးပြိုင်ပွဲများအတွက် စမှတ်နှင့်ဆုံးမှတ်ကို သုဝဏ္ဏအားကစားကွင်းအဖြစ်သတ်မှတ်ထားပြီး ရန်ကုန်မြို့ရဲ့ထင်ရှားတဲ့နေရာများဖြစ်တဲ့ ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံဘုရားနှင့် အင်းလျားကန်တို့မှာ အပြေးလမ်းကြောင်းတွင် ပါဝင်မှာဖြစ်ကြောင်း သိရပြီး ပြေးလမ်းကြောင်း များကို
www.yomayangonmarathon.com
တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။ ဆုကြေးငွေများအနေနဲ့ကတော့ -- ၄၂ကီလိုမီတာတန်းတွင် ပထမဆုကို ဒေါ်လာ၂၅၀၀၊ ဒုတိယဆုကို ဒေါ်လာ ၁၄၀၀ နဲ့ တတိယဆုကို ဒေါ်လာ၉၀၀။ ၂၁ကီလိုမီတာတန်းတွင် ပထမဆုကို ဒေါ်လာ ၁၈၀၀၊ ဒုတိယဆုကို ဒေါ်လာ ၉၀၀ နဲ့ တတိယဆုကို ဒေါ်လာ ၅၀၀။ ၁၀ကီလိုမီတာတန်းတွင် ပထမဆုကို ဒေါ်လာ၈၀၀၊ ဒုတိယဆုကို ဒေါ်လာ၄၀၀ နဲ့ တတိယဆုကိုဒေါ်လာ၂၅၀ ပေးအပ်သွားမည်ဖြစ်ပြီး ၃ကီလိုမီတာ ပြိုင်ပွဲဝင်သူများကို အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း