မြန်မာ့နာမည်ကျော် အစားအစာတွေကို အမေရိကန်ဒေသထွက်ကုန်တွေနဲ့ သရုပ်ပြချက်ပြုတ်ပွဲ

article landscape wartermark final3 အမေရိကထွက်ကုန်တွေနဲ့ မြန်မာ့အစားအသောက်ချက်ပြုတ်ပြပွဲကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၀ ရက်က Park Royal Hotel မှာကျင်းပခဲ့ပါတယ်။ ပွဲကို အမေရိကန် အစားအသောက်ပညာရှင်များအဖွဲ့ USDA နဲ့ မြန်မာနိုင်ငံစားဖိုမှုးအဖွဲအစည်းမှ ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီး Mr Willment Leong  Mr liver E Soe Thet တို့မှ နာမည်ကျော် အမေရိကန် အစားအစာများနဲ့ မြန်မာအစားအစာ အချို့ကိုချက်ပြုတ် ပြသခဲ့ပါတယ်။ ပွဲမှာ အစားအသောက် အကြံပေးအရာရှိ Mr Bobby Richey ကနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး စားဖိုမှုး Willment က ဟင်းလျာ ၆ မျိုး ချက်ပြုတ်ပြသခဲ့ကာ Mr Oliver Soe Thet အချိုပွဲ ၇ မျိုးကို ပြုလုပ်ပြခဲ့ပါတယ်။ ဒီပွဲကို စားဖိုမှုးများ၊ စားသောက်ဆိုင်ပိုင်ရှင်များနှင့် အစားအသောက် ပညာရှင်များ တက်ရောက်ခဲ့ပြီး Forzen Potato, Califoria Cheese နဲ့ Coliforia raisinand  နဲ့ ချက်ပြုတ်နည်းများကို လေ့လာနိုင်ခဲ့တယ်လို့ သိရပါတယ်။ ပွဲကျင်းပတာနဲ့ပတ်သက်ပြီး USDA မှ Agricultural Attache’ Reg Santella က “အမေရိကန် အစားအသောက်တွေ ဘယ်လိုအရသာရှိလဲဆိုတာကို သိစေဖို့အပြင် အမေရိကန်စားသောက်ကုန်တွေနဲ့ ကျော်ကြားတဲ့ မြန်မာအစားအစာတွေ ချက်ပြုတ်ပြတဲ့ပွဲဖြစ်ပါတယ်။ Foreign Agricultural Service (FAS) က ကျန်းမာရေးထောက်ခံချက်ကို ရရှိထားလို့ ကျန်းမာရေးနဲ့လည်းသင့်လျော်ပါတယ်။ အမေရိကန်အစားအစာတွေကို ဒီမှာလာရောက်ရောင်းချဖို့ ရည်ရွယ်ထားတဲ့အပြင် မြန်မာ အစားတွေကိုလည်း နိုင်ငံတကာအဆင့်မီအောင်နဲ့ နိုင်ငံခြားကိုထိတင်ပို့နိုင်အောင် ကူညီသွားမှာပါလို့ ပြောခဲ့ပါတယ်။