အောင်မြင်တဲ့ နိုင်ငံတကာအဆင့်ကုမ္ပဏီဖြစ်လာရန်နှင့် သက်တမ်းနှစ်ပေါင်းတစ်ရာကျော်တည်မြဲစေရန် မည်သို့တည်ထောင်မလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲကျင်းပ

forval

၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်က လှိုင်တက္ကသိုလ်နယ်မြေရှိ ပတ္တမြားခန်းမဆောင်တွင်  ''How to become successful as global level companies'' နဲ့ “How to build the organization lasts more than 100years '' ခေါင်းစဉ်တို့နဲ့ ဟောပြောပွဲကို Forval Myanmar က ဦးဆောင်ကျင်းပခဲ့ပါတယ်။ ဟောပြောပွဲသို့ စီးပွားရေးတက္ကသိုလ် ကျောင်းသားကျောင်းသူတွေ၊ စီးပွားရေးလုပ်ငန်ရှင်တွေ၊ မန်နေဂျာတွေ၊ MBA ဘွဲ့ရတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီဟောပြောပွဲမှာ Froval Myanmar ရဲ့ Managing Director ဖြစ်သူ Ken Matsumura က ဟောပြောခဲ့ပါတယ်။ ပြီးတဲ့နောက် တက်ရောက်လာကြသူတွေက မေးခွန်းတွေ မေးမြန်ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။

Forval Myanmar ဟာ ဂျပန်နိုင်ငံက ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှလေးနိုင်ငံမှာ လုပ်ငန်းခွဲတွေ လုပ်ကိုင်နေပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ ဂျပန်လုပ်ငန်းတွေကိုအဓိကထားပြီး အကြံဉာဏ်တွေပေးခြင်း၊လုပ်ငန်းတည်ထောင်ခြင်းနဲ့ သက်ဆိုင်တဲ့ဝန်ဆောင်မှုတွေကို အဓိကထားပြီး လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။