ဟောင်ကောင်နိုင်ငံရဲ့ သြဇာအရှိဆုံး နေ့စဉ်သတင်းစာဖြစ်တဲ့ SCMP Group ပိုင် South China Morning Post သတင်းစာကို တရုတ်နိုင်ငံရဲ့ ထိပ်တန်းအင်တာနက်ကုမ္ပဏီဖြစ်တဲ့ Alibaba က အမေရိကန်ဒေါ်လာ ၁၅.၅ ဘီလီယံနဲ့ ဝယ်ယူမှာဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေပြီး သက်တမ်း ၁၁၂ နှစ်ကြာပြီဖြစ်တဲ့ ဒီသတင်းစာကို တစ်ချိန်တုန်းက ပိုင်ရှင် Rupert Murdoch ထံကနေ တရုတ်၊ မလေးရှားလူမျိုး ဘီလီယံနာ Robert Kuok က ဝယ်ယူပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။