ရေနဲ့ရေဆိုးသန့်စင်ရေး နည်းပညာ၊ ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်တဲ့နည်းပညာနဲ့ လေအေးပေးစနစ်နဲ့ လေဝင်လေထွက်စနစ်ဆိုင်ရာ စက်မှုလုပ်ငန်းသုံးကုန်ပစ္စည်းများပြပွဲကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ၊ ၁၇ ရက်ကနေ ၁၉ ရက်ထိရန်ကုန်မြို့ရှိ Myanmar Event Park မှာကျင်းပခဲ့ပါတယ်။ အခမ်းအနားကို အာရှရှိပြပွဲစီစဉ်ကျင်းပရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ UBM Asia က မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မြန်မာနိုင်ငံသိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနတို့ရဲ့ ပံ့ပိုးကူညီမှုနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။
ပွဲမှာ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အစ္စရေး၊ အိန္ဒိယ၊ အီတလီ၊ သြစတေးလျ၊ တရုတ်၊ ဂျာမနီ၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ အင်္ဂလန်နဲ့မြန်မာအစရှိတဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၆၀ က ဝင်ရောက်ပြသခဲ့ကြပါတယ်။
ပြပွဲကိုလာရောက်လေ့လာသူပေါင်း ၅၅၀၀ ခန့်ရှိတယ်လို့သိရပြီး ကုန်စည်ပြပွဲအပြင် နည်းပညာစာတမ်းဖတ်ပွဲတွေပါ ပြုလုပ်ခဲ့ပါတယ်။ အသေးစိတ်သိရှိလိုပါက www.myanwater.com ၊ www.renewablenergymyanmar.com နဲ့ www.revacmyanmar.com တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။