နေပြည်တော် KRISPLAZA အရောင်းပြခန်းစတင်ဖွင့်လှစ်ခြင်း

[caption id="attachment_21060" align="alignnone" width="720"]Ribbon cutting ceremony at KrisPLAZA Sales Gallery in Nay Pyi Taw, 8th May 2015 From left to right: Mr Gabriel Cheng, Group Head of Sales & Marketing, SPA Group U Kyaw Moe Naing, Managing Director, Lighting Specialist Co., Ltd. U Lynn Tun Ko, Senior Manager of Sales & Marketing, SPA Group Sims Teo, Director, Krislite PTE., Ltd.krisplaza Ribbon cutting ceremony at KrisPLAZA Sales Gallery in Nay Pyi Taw, 8th May 2015
From left to right:
Mr Gabriel Cheng, Group Head of Sales & Marketing, SPA Group
U Kyaw Moe Naing, Managing Director, Lighting Specialist Co., Ltd.
U Lynn Tun Ko, Senior Manager of Sales & Marketing, SPA Group
Sims Teo, Director, Krislite PTE., Ltd.[/caption]   First Myanmar Investment Co.,Ltd. (FMI) နဲ့ Kris Plaza ဟု လူသိများတဲ့ Lighting Specialist Co.,Ltd.(LSC) တို့ရဲ့ ဖက်စပ် ကုမ္ပဏီလုပ်ငန်းဖြစ်သည့်  LSC-FMI Co.,Ltd. မှ နေပြည်တော်တွင် အမေရိကန်ဒေါ်လာ ၂၄ သန်း တန်ဖိုးရှိ လူနေတိုက်ခန်းများ၊  ရုံးခန်းများပါဝင်တဲ့ ကွန်ဒိုအိမ်ရာသစ် Kris Plaza Nay Pyi Taw အရောင်းပြခန်းဖွင့်လှစ်သွားမယ်လို့ မေလ ၈ ရက်နေ့က သတင်းထုတ်ပြန်ကြေငြာခဲ့ပါတယ်။ Kris Plaza ကွန်ဒိုအခန်းရောင်းချမှုကို ၂၀၁၅ ခုနှစ် မတ်လတွင် ရန်ကုန်မှာ ပြုလုပ်ခဲ့တာပါ။ စတင်ရောင်းချခဲ့ချိန်ကစပြီး တိုက်ခန်း ၁၁၄ ခန်းအနက် အများစုကို ရောင်းချခဲ့ ပြီးဖြစ်ကြောင်းသိရပါတယ်။ နေပြည်တော်သည် အနာဂတ်ကာလတွင် ပိုမိုတိုးတက်ကြီးပွားလာမှာကို LSC-FMI က တွေ့မြင်ထားကြောင်း ၊ Kris Plaza က ထိုအနာဂတ်ကာလ အစိတ်အပိုင်း တစ် ရပ် ဖြစ်လာမှာဖြစ်ကြောင်း FMI ကုမ္ပဏီရဲ့ ရောင်းချရေးနှင့် ဈေးကွက်ဌာနအကြီးအကဲ Mr.Gabriel Cheng က ပြောကြားခဲ့ပါတယ်။ LSC မှ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးကျော်မိုးအောင်က  “နေပြည်တော်ဟာ မြန်မာနိုင်ငံတွင် အကောင်းဆုံးအခြေခံအဆောက်အအုံတွေရှိတဲ့ မြို့ကြီးဖြစ်မည်ဟု လက်ခံယုံကြည်ထားကြောင်း၊ မိမိတို့အနေနဲ့ သံရုံးတွေ၊ နိုင်ငံတကာကျောင်းတွေ၊ ဆေးရုံတွေနဲ့ စီးပွားရေး အဆောက်အအုံတွေကို မကြာမီ မြင်တွေ့လာရမှာ ဖြစ်ကြောင်း၊ Kris Plaza က နေပြည်တော်မှာရှိတဲ့ ကုမ္ပဏီတွေနဲ့ လူတွေအတွက် အဆင်ပြေ လုံခြုံမှုရှိတဲ့ နေရာဖြစ်လာမှာဖြစ်ကြောင်း “ ပြောကြားခဲ့ပါတယ်။