Euromoney Conferences က စီစဉ်ပြီး Myanmar Investment Commission (MIC) က ပူးပေါင်းကျင်းပတဲ့ Myanmar Global Investment Forum ကို နေပြည်တော်မှာ စက်တင်ဘာလ ၁၆ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ ကျင်းပနေတာဖြစ်ပါတယ်။ Forum မှာ Myanmar's Year in ASEAN ၊ Banking and Financial Reform ၊ Financial Infrastructure Needs in Myanmar ၊ Special Economic Zones (SEZs) ၊ Real Estate and Urban Planning ၊ Energy and Power Development နဲ့ Agribusiness and Rural Development စတဲ့ panel discussion များ ပါဝင်ပါတယ်။ Forum ကို ပြည်ထောင်စုဝန်ကြီးများ၊ အစိုးရ အရာထမ်းအမှုထမ်းများအပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၁,၃၀၀ ဝန်းကျင် တက်ရောက်ခဲ့တာပါ။