တောင်ကိုရီယားနဲ့ ကနေဒါတို့ ပူးတွဲပြီး ကုန်သွယ်မှုကင်းလွတ်ခွင့် (FTA) သဘောတူစာချုပ်ချုပ်ဆို

[caption id="attachment_8996" align="alignnone" width="720"]ကနေဒါဝန်ကြီးချုပ် နှင့် တောင်ကိုရီးယားသမ္မတတို့တွေ့ဆုံစဉ် ကနေဒါဝန်ကြီးချုပ် နှင့် တောင်ကိုရီးယားသမ္မတတို့တွေ့ဆုံစဉ်[/caption]

လွန်ခဲ့တဲ့ ၉ နှစ်က စတင်ညှိနှိုင်းခဲ့ကြတဲ့ စိုက်ပျိုးရေးနဲ့ မော်တော်ယာဉ်ကဏ္ဍတွေမှာ ကုန်သွယ်မှုကင်းလွတ် ခွင့်နဲ့ပတ်သက်ပြီး တရားဝင်သဘော တူစာချုပ်ချုပ်ဆိုတဲ့အခမ်းအနားကို မတ်လ ၁၁ ရက်နေ့မှာ ကျင်းပနိုင်ခဲ့ ပါတယ်။  ဒီစာချုပ်ဟာ ကနေဒါနိုင်ငံ အနေနဲ့ အာရှတိုင်းပြည်တစ်ခုနဲ့ ပထမဦးဆုံးချုပ်ဆိုတဲ့ FTA ပဲဖြစ်ပါတယ်။ ကနေဒါဟာ တောင်ကိုရီးယားထုတ် မော်တော်ကားတွေ အဓိကဖြန့်ချီတဲ့ဈေးကွက်ကြီးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က တောင်ကိုရီးယားကနေ ကနေဒါကို အမေရိကန်ဒေါ်လာ ၂.၂၃ ဘီလီယံ တန်ဖိုးရှိ မော်တော်ယာဉ်တွေ ရောင်းချခဲ့ရပြီး အမေရိကန်ဒေါ်လာ ၉၂ သန်း တန်ဖိုးရှိ ကနေဒါကားတွေနဲ့ အစိတ် အပိုင်းတွေ ပြန်လည် တင်သွင်းခဲ့ပါတယ်။ ဒီသဘောတူညီချက်အရ တောင်ကိုရီးယားဟာ ကနေဒါကားနဲ့ အစိတ်အပိုင်းတင် သွင်းမှုအပေါ်မှာ အခွန်စည်းကြပ်မှု ၈ ရာခိုင်နှုန်းလျော့ ချပေးမှာဖြစ်ပါတယ်။ ကနေဒါအ နေနဲ့လည်း ကိုရီးယားကားနဲ့ အစိတ် အပိုင်းတင်သွင်းမှုအပေါ်မှာ ၆.၁ ရာ ခိုင်နှုန်း အခွန်လျော့ချပေးမှာဖြစ်ပြီး လာမယ့် နှစ်နှစ်အတွင်းမှာ ၄ ရာခိုင် နှုန်းအထိရောက်အောင် လျော့ချပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင်ကနေဒါ ဟာ အဝတ်အစားနဲ့ ချည်ထည်တင်သွင်းမှုအပေါ်မှာ ၁၈ ရာ ခိုင်နှုန်းထိတိုင်အောင် လျော့ချပေးသွားမှာ ဖြစ်ပါတယ်။ အခု သဘောတူညီချက် စတင်ကျင့်သုံးတဲ့နေ့ကစပြီး ဆယ်နှစ်အတွင်းမှာ နှစ်နိုင်ငံအတွင်း အပြန်အလှန်အခွန်စည်းကြပ်မှုကို ၉၇.၅ ရာခိုင်နှုန်းအထိ ပယ်ဖျက်ပေးသွားကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆန်စပါး၊  Cheese နဲ့ နို့မှုန့်တို့လိုမျိုး လယ်ယာထွက်ကုန်ပစ္စည်းတွေအပေါ်မှာ စည်းကြပ်မှုကိုတော့ လာမယ့်ဆယ် နှစ်ကျော်ကာလအတွင်းမှာ ၁၉ရာခိုင်နှုန်း အထိလောက်ပဲ လျော့ချနိုင်ကြပါလိမ့်မယ်။

  Ref : CNA