[caption id="attachment_21801" align="alignnone" width="720"]
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့[/caption] အိန္ဒိယဟာ တခြား BRIC နိုင်ငံတွေထက် ရင်းနှီးမြှုပ်နှံလို့ကောင်းတဲ့ နိုင်ငံဖြစ်တယ်လို့ လေ့လာချက်တစ်ရပ်အရ သိပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အတိုင်ပင်ခံအဖွဲ့ EY နဲ့ သုတေသနအဖွဲ့ Delphi တို့က ဂျာမနီနိုင်ငံရဲ့ အဆင့်မြင့်နည်းပညာလုပ်ငန်းတွေက CEO တွေနဲ့ CEO အယောက် ၉၀ ကျော်ကို မေးမြန်းလေ့လာခဲ့ရာမှ တွေ့ရှိချက်ဖြစ်ပါတယ်။ အိန္ဒိယဟာ ဈေးကွက်ကြီးမားကျယ်ပြန့်ပြီး နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုရအောင်လည်း ဆွဲဆောင်ကြိုးစားနေတာကို တွေ့ရတယ်လို့ အဲဒီဖြေဆိုသူတွေက ပြောကြတယ်။ ဒါပေမဲ့ အခြေခံအဆောက်အအုံ၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေ၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လွတ်လွတ်လပ်လပ်ရှိရေး၊ အခွန်ကောက်ခံမှုစနစ် စတာတွေမှာ ပိုမိုအဆင်ပြေအောင် ပြုပြင်ဆောင်ရွက်ပေးဖို့ လိုသေးတယ်လို့ သူတို့ကထောက်ပြကြပါတယ်။ Ref:
www.dnaindia.com