အရက်ကြောင့် တစ်ရက် လူ ၆ ယောက်နှုန်း သေဆုံးနေ

alcohol အရက်အဆိပ်သင့်လို့ နေ့စဉ် လူခြောက်ယောက်နှုန်း အသက်ဆုံးရှုံးနေတယ်လို့ သုတေသနတစ်ရပ်အရ သိရပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုမှာဆိုရင် နှစ်စဉ် လူပေါင်း ၂,၂၂၁ ယောက် သေဆုံးနေတာ ဖြစ်ပါတယ်။ အရက်အဆိပ်သင့်တယ်ဆိုတာ အရက်ကို တစ်ထိုင်တည်း တစ်ချီတည်း အရက်မူးသွားအောင် အလွန်အကျွံသောက်လိုက်ခြင်းကြောင့် ဖြစ်ပါတယ်။ ယောကျ်ားတွေအတွက်ဆိုရင် နှစ်နာရီ၊ ဒါမှမဟုတ် သုံးနာရီအတွင်း အနည်းဆုံးငါးကြိမ်သောက်ခြင်းဖြစ်ပြီး အမျိုးသမီးတွေအတွက်ဆိုရင် အဲဒီအချိန် အတိုင်းအတာအတွင်း အနည်းဆုံး လးကြိမ် သောက်ခြင်းဖြစ်တယ်။ ဒါပေမဲ့ ဒီအရင်က သုတေသတစ်ရပ်အရ တစ်ချီတည်း အရက်မူးသွားအောင်သောက်ကြတဲ့ အမေရိကန်တွေဟာ နှစ်နာရီကနေ သုံးနာရီကြာတဲ့အချိန်အတွင်းမှာ ရှစ်ကြိမ်လောက်သောက်ကြတယ်လို့ သိရတယ်။ ပျမ်းမျှအားဖြင့် အဲဒီလိုသောက်တာ တစ်လမှာလေးကြိမ် ရှိတယ်တဲ့။ အရက်တွေမှာပါတဲ့ အယ်လ်ကိုဟောဓာတ်ဟာ အဆိပ်တစ်မျိုးဖြစ်တယ်။ လူ့ရဲ့အသည်းဟာ အဲဒီအဆိပ်ကို သွေးထဲမှာ မရှိအောင် လုပ်ပေးပေမယ့် မလုပ်နိုင်လို့ ပိုလျှံနေတဲ့ဟာတွေကတော့ သွေးထဲ ပြန်ရောက်သွားပါတယ်။ သွေးထဲမှာ အဲဒါတွေသိပ်များသွားတဲ့အခါ အရက်အဆိပ်သင့်တာ ဖြစ်တယ်။ အသက်ရှူရတာ နှေးလာတယ်။   နှလုံးခုန်နှေးလာတယ်။ အစာမျိုရတာလည်း ပုံမှန်မဟုတ်ဘဲ ဖြစ်လာတယ်။ နောက်ဆုံးအသက်ရှူရပ်သွားနိုင်ပါတယ်။ မြောသလိုလည်းဖြစ်တတ်ပြီး အာလေးလျှာလေးလည်း ဖြစ်လာနိုင်တယ်။ ကိုယ်ကိုမထိန်းနိုင်တာ၊ အော့အန်တာတွေလည်း ဖြစ်နိုင်ပါတယ်။  

Ref: CNN