တိုင်းပြည်ရဲ့ အခြေခံအဆောက်အအုံ တည်ထောင်ရေးမှာ ပုဂ္ဂလိကကဏ္ဍပါဝင်ရေးအတွက် အင်ဒိုနီးရှားအစိုး ရက ငွေကြေးပံ့ပိုးပေးသွားမယ်လို့ သိရပါတယ်။ဒါပေမဲ့ အဓိကပြဿနာက အဲဒီလိုငွေကြေးပံ့ပိုးပေးရေးအတွက် ရင်းနှီးလုပ်ကိုင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ စီမံချက်တွေ ရှိထားဖို့ လိုပါတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောတယ် “ဘာကြောင့်လဲဆိုတော့ ရင်းနှီးမြှုပ်နှံမယ့်သူများ အင်ဒိုနီးရှားဟာ တရားရေးစနစ်နဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေတွေကြောင့် လုပ်ရကိုင်ရတာ သိပ်စွန့်စားရတဲ့နိုင်ငံလို့ မြင်နေကြလို့ဖြစ်တယ်” တဲ့။ “ဒီစီမံချက်တွေ စတင်အကောင်အထည်ဖော်ကာ ရင်းနှီးမြှုပ်နှံသူတွေလည်း သဘောကျသွားမယ်ဆိုရင် တိုင်းပြည်ရဲ့ အခြေခံအဆောက်အအုံ လုပ်ငန်းဈေးကွက် အရင်းအနှီးတွေပိုဝင်လာမှာပါ” လို့ သူကဆက်ပြောတယ်။