အင်ဆူလင်ဆေးထုတ်လုပ်တဲ့ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီအရောင်းလျာထားချက်လျှော့ချ

  article landscape wartermark final2   ကမ္ဘာ့အကြီးဆုံးအင်ဆူလင် (Insulin) ထုတ်လုပ်ရေးကုမ္ပဏီ Novo Nodisk ဟာ ၂၀၁၄ ခုနှစ် အရောင်းခန့်မှန်း ချက်ကို လျှော့ချသတ်မှတ်လိုက်ပါ တယ်။ အပြိုင်အဆိုင်တွေ ပေါတွေ လာတာကြောင့်တစ်ကြောင်း၊ အမေရိ ကန်ပြည်ထောင်စုမှာ ဖြန့်ချိရေးကိုယ် စားလှယ်တစ်ဦးမရှိတော့တာကြောင့် တစ်ကြောင်း ဖြစ်တယ်။ သူ့ရဲ့ Victoza ဆိုတဲ့ဈေးက သူထုတ်လုပ် သမျှ ဆေးအမယ်တွေအနက် အရောင်း ရဆုံးဖြစ်တဲ့အတွက် အဲဒီအရောင်းကို တော့ ဆက်ထိန်းထားဖို့ လိုတယ်။ Tresiba ဆိုတဲ့ဆေးကတော့ အမေရိ ကန်ရဲ့ အစားအစာနဲ့ ဆေးဝါးအုပ် ချုပ်ရေးဌာနက နှလုံး ကို အန္တရာယ်ရှိနိုင် မ ရှိနိုင်ဆိုတာ ပြန်လည် လေ့လာတင်ပြဖို့ ဒီ ကုမ္ပဏီကို တောင်း ဆိုထားပါတယ်။ “၂၀၁၅ ခုနှစ်လယ်လောက် မှာ ဒီလေ့လာချက်ရဲ့ အဖြေကို တင်ပြနိုင်လိမ့်မယ်လို့ မျှော် လင့်ထားပါတယ်” လို့ ကုမ္ပဏီရဲ့တာ ဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အထက်ပါကုမ္ပဏီထဲမှာ ဒိန်းမတ်သုံးငွေ လေးဘီလီယံဖိုးလောက် ရှယ်ယာပါဝင်ထားတဲ့ကုမ္ပဏီ တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ အနေနဲ့ကတော့ ဒီလိုကိစ္စမျိုးတွေအ တွက် ရေရှည်ပူပင်စရာမရှိပါဘူး။ ဒါပေမဲ့ ရေတိုမြှုပ်နံှထားသူတွေက တော့ သူတို့ရှယ်ယာတွေ မြန်မြန်ထွက် အောင် လုပ်ကြမယ်ထင်ပါတယ်”လို့ ပြောပါတယ်။

Ref: Bloomberg