သီရိလင်္ကာနိုင်ငံမှာ ကွန်တိန်နာ သင်္ဘောကြီးတွေဆိုက်ကပ်နိုင်တဲ့ သင်္ဘောဆိပ်ကမ်းကို တိုးချဲ့သွားမှာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မကုန်ခင်စတင် အကောင်အထည်ဖော်မှာ ဖြစ်တယ်။ လောလောဆယ်မှာတော့ အဲဒီဆိပ်ကမ်းမှာ ကုန်တင်သင်္ဘော ကြီးတွေ ဆိုက်ကပ်ဖို့နေရာက အတန်းတန်းရှိနေတယ်။ ကုန်တင်ကုန်ချ အတွက် စက်ယန္တရားတွေ လည်း မပြည့်စုံဘူး။ အကောင်အ ထည်ဖော်ပြီးသွားရင်တော့ ကွန်တိန် နာသင်္ဘောကြီးတွေဆိုက်ကပ်နိုင်မှာဖြစ်တယ်။
ကိုလန်ဘိုဆိပ်ကမ်းဟာ ဒီ နှစ်ပထမပိုင်းကာလအတွင်း ကုန်တင်ကုန်ချပမာဏဟာ ကမ္ဘာမှာ အများဆုံးဖြစ်ခဲ့တယ်။ သီရိလင်္ကာနိုင်ငံဟာ အာရှနဲ့အရှေ့အလယ်ပိုင်း ဒေသတို့အကြား အချက်အချာကျတဲ့နေရာမှာရှိတဲ့အတွက် ကုန်တင်ကုန်ချလုပ်ငန်းမှာ အလားအလာတွေအများကြီးရှိတယ်။ အထူးသဖြင့် ပင်လယ်ကူးသင်္ဘောကြီး တွေကို စွမ်းအင်လောင်စာဖြည့် ဆည်းပေးတဲ့ ဝန်ဆောင်မှုကို ဆောင်ရွက်ပေးပါ တယ်။