သဘင်ဘိုးဘွားရိပ်သာအတွက် ဖိုးချစ်တို့ကတဲ့ အငြိမ့်

article landscape wartermark final7 မြန်မာ့သဘင်ဘိုးဘွားရိပ်သာအတွက် ရည်ရွယ်ပြီးကျင်းပတဲ့ ဇာတ်မင်းသားဖိုးချစ်ရဲ့ ဇာတ်သဘင်ပွဲကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၇ ရက်နဲ့ ၈ ရက်က ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ တေးဂီတ၊ အော်ပရာပြဇာတ်၊ နှစ်ပါးသွား၊ အငြိမ့်အစရှိတဲ့ သဘင်အနုပညာတွေကို တင်ဆက်ခဲ့ပြီး ရရှိလာတဲ့အကျိုး အမြတ်တွေကို  မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ရေနံ့သာစံပြကျေးရွာမှာ တည်ဆောက်မယ့် သဘင်ဘိုးရိပ်သာ အတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။ နှစ်ညဆက်တိုက် ကဖြစ်တာ၊ ဇာတ်ပွဲကျင်းပရတာနဲ့ ပတ်သက်လို့ ခေါင်းဆောင်မင်းသား ဖိုးချစ်က `အစီအစဉ် ကတော့ နှစ်ညမဟုတ်ဘူး။ ကျွန်တော်တို့ ကချင်တာကတော့ အများကြီးပဲ၊ သို့သော်လည်း ရုံပြင်ဆင်ထားတဲ့ အနေအထားက လာကြည့်မယ့်ပရိသတ်အတွက် နှမြောစရာကြီးပါပဲ။ အခက်အခဲတွေ အများကြီးရှိပါတယ်။ ရာသီဥတုကြောင့် နောက်ခံပန်းချီကားတွေ ဆေးမခြောက်တာတို့၊ နေရာထိုင်ခင်း မခြောက်တာတို့ ကြုံရပါ တယ်။ အငြိမ့်ခေါင်းစဉ်ရယ်လို့ သီးသန့် မတတ်ဖြစ်ပါဘူး။ ဘိုးဘွားရိပ်သာရန်ပုံငွေပါပဲ။ ဒါကို ခေါင်းစဉ်ပဲ ပြောရမှာပဲ၊ အလှူပွဲပါပဲ။ ဘာပွဲညာပွဲတပ်စရာမရှိပါဘူး။ ကျိုက်ခေါက်ဘုရားပွဲတုန်းက ကျွန်တော့် Birthday Show လို့ တပ်ဖြစ်သေးတယ်´ လို့ ဆိုပါတယ်။   article portrait watermark final1 ဘိုးဘွားရိပ်သာဆောက်လုပ်လှူဒါန်းဖြစ်ပုံနဲ့ လက်ရှိအခြေအနေတွေကိုလည်း ပြောပြပေးပါဦး။ ဘိုးဘွားရိပ်သာနဲ့ပတ်သက်လို့ ကျိုက်ခေါက်ဘုရားပွဲတုန်းက ကျွန်တော့်ကို ဆုချတဲ့ ပိုက်ဆံ၊ လှမ်းလှူတဲ့အလှူငွေ တွေ သိန်းကိုးဆယ်ကျော်လောက် ရှိသေးတယ်။ အဲဒီတုန်းက အလှူငွေလက်ခံဖို့အတွက်က အဓိက မဟုတ် ဘူး။ ဘိုးဘွားရိပ်သာအတွက် မတည်မှာ၊ ကျွန်တော်လည်း လှူမယ်၊ ကျွန်တော့်မိဘတွေကလည်း လှူမယ်။ ကျွန်တော်က အဓိကတော့ အဘိုးတွေ၊ အဘွားတွေကို ဂါဝရပြုချင်တယ်။ နေရာက ပုလဲမြို့၊ ရေနံ့သာ စံပြ ကျေးရွာမှာပါ။ လောလောဆယ် အကျယ်အဝန်းက တစ်ဧကပါ။ ဘိုးဘွားရိပ်သာအတွက် အဆောက်အအုံ ဒီဇိုင်းတွေလည်း ထွက်ပါပြီ၊ တစ်ဆောင်ချင်းစီရဲ့အမည်ကိုလည်း ဘဘရွှေမန်းတင်မောင်၊ ဘဘဦးဖိုးစိန် အဆောင်၊ နန်းတော်ရှေ့ဆရာတင်အဆောင် ပေးပြီး ဂုဏ်ပြုမှာပါ။ ဒီဘိုးဘွားရိပ်သာတွေကို သွားတာနဲ့ ကျွန်တော်တို့ရဲ့ ဂန္တဝင် သဘင်ပညာရှင်တွေရဲ့ နာမည်ကို မမေ့အောင်ပါ။ တစ်ဆောင်မှာ ဘိုးဘွား ၃၆ ယောက် ထားလို့ရတယ်။ အဆောင်အားလုံး Main ဆောင်အပါအဝင် ခုနစ်ဆောင်လောက် ရှိပါတယ်။ တစ်ဆောင်ကို သိန်းတစ်ရာနဲ့ ၁၅၀ ကြား ကုန်ကျမယ်လို့ ကျွန်တော်ထင်တယ်။  သီတင်းကျွတ်မှာမှ Foundation စချမယ်။ ခြောက်လနဲ့ အပြီးပါ။ သဘင်သည်အများစုရှိတဲ့နေရာတွေဖြစ်တဲ့ မန္တလေး၊ ပခုက္ကူ၊ မော်လမြိုင်၊ မုံရွာ အစရှိတဲ့မြို့တွေမှာလည်း ဘိုးဘွားရိပ်သာ ဖွင့်လှစ်သွားဖို့ ကြိုးစား သွားပါမယ်။ ကျွန်တော်က ဒီလိုပါ၊ ကျွန်တော့်ကုန်ကျစရိတ်ကို Sponsor ကို ခေါ်ထားတယ်။ ပြည့်ရင် တမျိုးပေါ့၊ မပြည့်ရင် ကျွန်တော်က စိုက်မယ်။ ဒီပွဲကနေရလာတဲ့ ဝင်ကြေးတွေကို အဲဒီထဲကိုထည့်မယ်၊  ဆိုတော့ ကျွန် တော်ရမယ့် ပိုက်ဆံပေါ့။ အဲဒီအတွက် ကျွန်တော် သပ်သပ်ဖယ်ထားတယ်။ ဒါကလည်း ကုသိုလ်ရစေချင်တဲ့ ဆန္ဒနဲ့ ဒီပွဲကနေရလာတာတွေက ပြည့်မပြည့် ကျွန်တော်ကတော့ ဘိုးဘွားရိပ်သာကို ပြီးအောင် လှူသွားမှာပါ။ ကျွန်တော်အမြဲပြောပါတယ်။ အများဆန္ဒနဲ့ရွေးချယ်ထားတဲ့ သဘင်အစည်းအရုံးနဲ့ လူမှုဝန်ထမ်းအဖွဲ့ကို တစ်ခါတည်း လက်မှတ်ထိုးပြီး  အကုန်လုံးလှူလိုက်ကြမှာပါ။ဘိုးဘွားရိပ်သာအတွက် ကျွန်တော် နှစ်နှစ်စာ ငွေ ပဒေသာပင် လုပ်ထားပါတယ်။ လိုအပ်ချက်ပိုင်းတွေမှာ ကျွန်တော် တစ်နှစ်ကို နှစ်ပွဲ၊ သုံးပွဲခန့်ကပြီး မေတ္တာနဲ့ ကူညီသွားဖို့လည်း ရှိပါတယ်။ ဘိုးဘွားရိပ်သာအတွက် အဖွဲ့အစည်း ရှိလာပါလိမ့်မယ်။ လောလော ဆယ်တော့ ကျွန်တော်စပြီး ကြိုးစားနေပါတယ်။ နောက်ပိုင်းမှာ ဘာတွေဆက်လုပ်ရမလဲဆိုတာ ပညာရှင်တွေနဲ့ ဆက်လက် ဆွေးနွေးသွားမှာပါ။ article landscape wartermark final6 article landscape wartermark final5 article landscape wartermark final4 article landscape wartermark final3 article landscape wartermark final2