News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
လူတိုင်းဖတ်သင့်သော Warren Buffett က တိုက်တွန်းထားတဲ့ စာအုပ် ၉ အုပ်
Editorial
August 26, 2015
Book
Forbes မဂ္ဂဇင်းရဲ့ သတ်မှတ်ချက်အရ ကမ္ဘာ့တတိယ အချမ်းသာဆုံးဖြစ်တဲ့ ဘီလီယံနာသူဌေး Warren Buffett ဟာ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုစီးပွားရေးလုပ်ငန်းကို စတင်ဆောင်ရွက်စဉ်က တစ်နေ့စာမျက်နှာခြောက်ရာ၊ ၇၅၀ စသဖြင့် စာမျက်နှာပေါင်း တစ်ထောင်လောက်အထိ ဖတ်ခဲ့ပါတယ်။ ယနေ့တိုင်အောင် သူဟာ အားလပ်တဲ့ သူ့ရဲ့တစ်နေ့တာရဲ့ ၈၀ ရာခိုင်နှုန်းကို စာဖတ်ခြင်းဖြင့် ကုန်လွန်စေတဲ့သူဖြစ်တယ်။ ဒီဘီလီယံနာသူဌေးရဲ့ အတွေးအမြင်တွေကို သိရအောင် အခုဖော်ပြမယ့်သူညွှန်းဆိုထားတဲ့စာအုပ် ကိုးအုပ်အကြောင်းကို အကျဉ်းချုပ်ဖော်ပြပေးလိုက်ပါတယ်။ အနှစ် ၂၀ ကြာကာလတစ်လျှောက် သူနဲ့ အင်တာဗျူးလုပ်ခဲ့တာတွေနဲ့ စီးပွားရေးလုပ်ငန်းရှယ်ယာဝင်တွေကို ရေးသားတင်ပြထားတဲ့စာတွေထဲက ရွေးချယ်ပြီး အကျဉ်းချုပ်ကောက်နုတ် ရေးသားထားတာတွေ ဖြစ်ပါတယ်။
1.The Intelligent Investor- Benjamin Grahamin Buffett ဟာ အသက် ၁၉ နှစ်အရွယ်တုန်းက အင်မတန်ထူးချွန်တဲ့ စတော့ဈေးကွက်ဆိုင်ရာလုပ်ငန်းရှင် Benj-amin Grahamin ရေးတဲ့ Intelligent Investor ဆိုတဲ့ စာအုပ်ကို ဖတ်ကြည့်တယ်။ ဒီစာအုပ်ကို ဖတ်မိလိုက်တာ သူ့အတွက် အလွန်ကံကောင်းတယ်လို့ သူကပြောတယ်။ စီးပွားရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ဘယ်လိုစဉ်းစားတွေးခေါ်ရတယ်ဆိုတာကို အဲဒီစာအုပ်ထဲက ရခဲ့တာဖြစ်တယ်။ 2.Security Analysis- Benjamin Graham David L.Dodd ဒီစာအုပ်ဟာ Graham ရဲ့ နောက်ထပ်ထူးခြားတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်။ ''ဒီစာအုပ်ဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ၅၇ နှစ်တာ ကာလတစ်လျှောက် လိုက်နာကျင့်သုံးခဲ့တဲ့ နည်းလမ်းတွေကို ညွှန်ပြပေးခဲ့တဲ့ လမ်းပြမြေပုံ ဖြစ်ပါတယ်'' လို့ ဆိုတယ်။ စာအုပ်ရဲ့ဆိုလိုရင်း အနှစ်သာရကတော့ သင်ဟာ သေသေချာချာ လေ့လာဆန်းစစ်မှုလုပ်ရင် ကုမ္ပဏီတစ်ခုရဲ့တန်ဖိုးကို ခန့်မှန်းတွက်ချက်လို့ ရနိုင်ပါတယ်ဆိုတဲ့ အချက်ဖြစ်တယ်။ 3.Common Stocks and Uncommon Profits- Philip A.Fisher Philip Fisher ဟာ ဆန်းသစ်တီထွင်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံရမှာ အထူးကျွမ်းကျင်သူဖြစ်တယ်။ Buffett အပေါ် သူ့ရဲ့ သြဇာလွှမ်းမိုးမှုဟာ Graham လောက် မကြီးပေမယ့် Buffett က သူ့ကိုသိပ်ပြီး တန်ဖိုးထားလေးစားပါတယ်။ ''ကျွန်တော်က သူရေးသမျှစာအုပ်တွေကို လိုလိုချင်ချင် ဖတ်လေ့ရှိပါတယ်။ ခင်ဗျားတို့လည်း ဖတ်ကြည့်စေချင်ပါတယ်'' လို့ သူက ဆိုတယ်။ 4.Stress Test- Timothy F.Geithner ဒီစာအုပ်ဟာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟောင်းက ဘဏ္ဍာရေးအကျပ်အတည်းအကြောင်းကို ရေးထားတဲ့ စာအုပ်ဖြစ်တယ်။ မန်နေဂျာတိုင်းဖတ်ရမယ့် စာအုပ်လည်းဖြစ်တယ်။ အခက်အခဲတွေ၊ ပြဿနာတွေကြုံရတဲ့အခါ အဖွဲ့အစည်းတစ်ခုကို ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး စာအုပ်တွေ အများကြီး ရေးသားထွက်ရှိခဲ့ပါသည်။ ဒီလိုစာအုပ်တွေထဲမှာ ကိုယ်တိုင်ကိုယ်ကျ စီမံကိုင်တွယ်ဆောင်ရွက်သူ ကိုယ်တိုင်ရေးတဲ့စာအုပ်ဆိုလို့ မရှိသလောက်ပါပဲ။ 5.The Essays of Warren Buffett Buffett ဘယ်လိုတွေးသလဲဆိုတာ သိချင်ရင်တော့ သူ့ကိုတိုက်ရိုက်လေ့လာရုံပါပဲ။ အခုတင်ပြတဲ့ Essays စာစုထဲမှာ သူနဲ့စရိုက်ဝါသနာအတိုင်း ရင်းရင်းနှီးနှီး ပြောတတ်ဆိုတတ်တဲ့ပညာရှိတစ်ယောက်အဖြစ် တွေ့ရမှာဖြစ်တယ်။ 6.Jack Straight Form the Gut-Jack Welch ၂၀၀၁ ခုနှစ်တုန်းက အစုရှယ်ယာဝင်ဆီပေးပို့တဲ့စာတွေထဲမှာ Buffett က ဒီစာအုပ်ကို ဖတ်ဖို့ တိုက်တွန်းပါတယ်။ ဒီစာအုပ်ဟာ GE ကုမ္ပဏီမှာ ကာလကြာရှည်စွာ CEO အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Jack Welch က လုပ်ငန်းနဲ့ပတ်သက်ပြီး မှတ်သားမိသမျှ အတွေ့အကြုံတွေကို တင်ပြထားတာဖြစ်တယ်။ သူနဲ့ ပတ်သက်ပြီး Buffett က ''သူက တော်တယ်၊ တက်တက်ကြွကြွရှိတယ်၊ ကိုယ်တိုင်လက်တွေ့လုပ်ကိုင်ဆောင်ရွက်တတ်သူဖြစ်တယ်" လို့ ပြောတယ်။ 7.The Outsiders - Willian N Thorndike,Jr. Buffett ဟာ သူ့ရဲ့ ၂၀၁၂ ခုနှစ် ရှယ်ယာဝင်တွေဆီ ပေးစာထဲမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး ထူးချွန်တဲ့ CEO တွေအကြောင်း ဖြစ်တယ်လို့ ဒီစာအုပ်ကို ချီးကျူးထားတယ်။ Berkshire Hathaway က ဒီစာအုပ်ထဲမှာ အဓိကအခန်းက ပါဝင်တယ်။ 8.The Clash of the Cultures - John Bogle Buffett ရဲ့ ၂၀၁၂ ခုနှစ်ရှယ်ယာဝင်တွေဆီကို ပေးပို့တဲ့စာထဲမှာ တိုက်တွန်းညွှန်းဆိုထားတဲ့စာအုပ်ဖြစ်ပါတယ်။ စာရေးသူ Bogle ဟာ Vanguard Group ကို တည်ထောင်သူဖြစ်ပြီး အခုအခါ လုပ်ငန်းဆိုင်ရာ အရပ်ရပ်ပိုင်ဆိုင်မှု ဒေါ်လာနှစ်ထရီလီယံကို စီမံခန့်ခွဲနေသူ ဖြစ်တယ်။ 9.Business Adventures - John Brooks ၁၉၉၁ ခုနှစ်တုန်းက Bill Gates က Buffett ကို ဘယ်စာအုပ်ကို အကြိုက်ဆုံးလဲလို့ မေးတယ်။ ဒီမေးခွန်းကို ဖြေတဲ့အနေနဲ့ Buffett က ဒီစာအုပ်ကို Bill Gates ဆီပို့လိုက်တယ်။ ဒီစာအုပ်ထဲမှာ ဖော်ပြထားတဲ့ စီးပွားရေးလုပ်ငန်းအောင်မြင်အောင် လုပ်ကိုင်နည်းတွေဟာ ယနေ့ထိမှန်နေဖို့ပါပဲလို့ Bill Gates က ညွှန်းထားတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
နိုင်ငံတကာစာအုပ်အညွှန်း
Posted On December 24, 2020, By CEO Editors
အိမ်မှာနေချိန်ဖတ်ဖို့ ဘီလ်ဂိတ်ညွှန်းန်းတဲ့ စာအုပ် ၅ အုပ်
Posted On November 9, 2020, By CEO Editors
နိုင်ငံတကာ စာအုပ်အညွှန်း (Robert Kuok ဘ၀မှတ်တမ်း)
Posted On June 26, 2020, By CEO Editors
နိုင်ငံတကာ စာအုပ်အညွှန်း
Posted On May 14, 2020, By CEO Editors
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း