Juniper Research သုတေသနပြုမှုအရ ၂၀၁၅ နှစ်ကုန်တွင် ကမ္ဘာ့လူဦးရေ တစ်ဘီလီယံကျော်သည် ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များအတွက် ဆဲလ်ဖုန်းများမှတစ်ဆင့် သုံးလာကြမည်ဟု သိရသည်။ ကမ္ဘာ့လူဦးရေ ငါးဘီလီယံ ရှိသည့်အတွက် ဤနှုန်းအရ လူငါးဦးလျှင် တစ်ဦးက သုံးစွဲနေသည်ဟု ကောက်ယူရပေမည်။ ၂၀၂၀ ပြည့်နှစ်အရောက်တွင် အဆိုပါလူဦးရေမှာ နှစ်ဘီလီယံပြည့်လာမည်ဖြစ်ရာ ကမ္ဘာ့လူဦးရေ၏ ၃၇ ရာခိုင်နှုန်းမှာ Online Banking ကို သုံးကြတော့မည်ဖြစ်သည်။