မိစန္ဒီရဲ့ ပစ်တိုင်းထောင် Audio CD လက်မှတ်ထိုးပွဲ

article landscape wartermark final6 မိစန္ဒီရဲ့ ဒုတိယတစ်ကိုယ်တော်အခွေဖြစ်တဲ့ ပစ်တိုင်းထောင် Audio CD  လက်မှတ်ထိုးပွဲကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်က ရန်ကုန်မြို့၊ ပြည်လမ်းရှိ Junction Square မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ မိစန္ဒီက ''ပစ်တိုင်းထောင် ဆိုတာ မိစန္ဒီဘဝနဲ့ပတ်သက်ပြီး ရေးထားတဲ့သီချင်းပါ။ မိစန္ဒီ တအားစိတ်ညစ်တဲ့အချိန်မှာ ပစ်တိုင်းထောင်အရုပ် လေးကိုကြည့်ပြီး ရေးထားတာပါ။ ပစ်တိုင်းထောင်လိုမျိုး ပဲ မိစန္ဒီတို့ဘဝတွေကလည်း လဲနေလည်းထောင်ရမှာပဲဆို တဲ့ပုံစံမျိုးနဲ့ ရေးထားတာပါ။ ကိုယ်တိုင်လည်း ပစ်တိုင်း ထောင်သီချင်းလေးကို နားထောင်တဲ့အခါ စိတ်အားတက်ရ ပါတယ်။ ဒီသီချင်းကို နားထောင်တဲ့ပရိသတ်တွေလည်း တကယ်စိတ်အားတက်ဖို့အတွက် မိစန္ဒီစေတနာထားပြီးရေး ထားတာပါ။ ဒီသီချင်းက အဓိပ္ပာယ်ရှိတဲ့အတွက် အခွေနာ မည်ကို ပစ်တိုင်းထောင်လို့ ပေးလိုက်တာပါ။ ပစ်တိုင်း ထောင်အခွေလေးက မိစန္ဒီတအားကြိုးစားထားတဲ့အတွက် ဖြစ်နိုင်ရင် မူရင်းအခွေကို အားပေးစေချင်ပါတယ်။ ပရိသတ် ကြီးလည်း ပစ်တိုင်းထောင်အရုပ်လေးအတိုင်းပဲ လဲမကျဘဲ ပြုံးပြီးမားမားမတ်မတ် ရပ်နိုင်ပါစေ'' လို့ ဆိုပါတယ်။   article portrait watermark final4 article landscape wartermark final3 article landscape wartermark final5