ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းပညာရပ်ဆိုင်ရာ ထူးချွန်ပညာသင်ဆု အကြောင်းရှင်းလင်းပွဲ

article landscape wartermark final3 article landscape wartermark final5 article landscape wartermark final2 မြန်မာနိုင်ငံ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းပညာရပ်ဆိုင်ရာ ထူးချွန်ကျောင်းသား/ကျောင်းသူများကို UBO တက္ကသိုလ်ပညာသင်ဆု အကြောင်းရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ၂၀၁၄ခုနှစ် သြဂုတ်လ ၂၈ရက်နေ့က ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို  ရန်ကုန်တက္ကသိုလ်နဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပူးပေါင်းပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။ အခမ်းအနားမှာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး UOB Group Brand Performance and Corporate Communications မှ အကြီးတန်း ဒုတိယဥက္ကဌ Ms Jean Khong နဲ့ အမူဆောင် ဒါရိုက်တာ Mr Thng Tien Tat တို့က UOB  ပညာသင်ဆုနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။ UOB မှ ၃နှစ်ကျော် ပညာသင်ဆုအတွက် မြန်မာကျပ်ငွေသိန်းပေါင်း ၁,၈၉၀ (အမေရိကန်ဒေါ်လာ ၁၇၈,၀၀၀) ရင်းနှီးမြှပ်နှံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ UOB ပညာသင်ဆုအစီအစဉ်ဟာ ငွေကြေးအခက်အခဲကြုံနေတဲ့ ထူးချွန်ကျောင်းသားများအတွက် အဓိကရည်ရွယ်ပြီး ပညာသင်ဆုလျှောက်လွှာများကို ၂၀၁၄ခုနှစ် အောက်တိုဘာလ ၁ရက်မှ စတင်လက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။