အသစ်ပြဋ္ဌာန်းအတည်ပြုလိုက်တဲ့ ဥပဒေတစ်ရပ်အရ ဖိလစ်ပိုင်မှာ လူအများ ကျန်းမာရေးစောင့်ရှောက်မှုရရှိကြတော့မှာဖြစ်တယ်။ အစိုးရရဲ့ ကျန်းမာရေးဆိုင်ရာ အာမခံမှာဝင်ထားသူတွေရော အဲဒီလိုဝင်မထားတဲ့ ဝင်ငွေနည်းသူတွေနဲ့ ပင်စင်ယူထား သူတွေပါ ဒီအကျိုးခံစားခွင့်ကို ရကြမှာဖြစ်တယ်။
အစိုးရဟာ ကျန်းမာရေး စောင့်ရှောက်ရေးဆိုင်ရာ ဝန်ထမ်းတွေကိုလည်း တိုးတက်ခန့်သွားမှာ ဖြစ်တယ်။ အခုလက်ရှိမှာတော့ လူဦး ရေ ၃၃,ဝဝဝ မှာ ဆရာဝန်တစ် ယောက်ပဲရှိတယ်။ ဆေးရုံခုတင်နဲ့ လူဦးရေအချိုးကလည်း ၁း၁၁၂၁ ဖြစ်တယ်။ အစိုးရဟာ ဆေးတက္ကသိုလ်ဘွဲ့ရတွေကို ဝေးလံတဲ့ ဒေသ တွေမှာ အနည်းဆုံးသုံးနှစ်တိတိသွားရောက် တာဝန်ထမ်းဖို့လိုကြောင်း ပြောကြားထားပါတယ်။
ဒီဥပဒေအတည်ပြုရေးအ တွက် သမ္မတကလက်မှတ်ရေးထိုးဖို့ လိုသေးတယ်။ လောလောဆယ်မှာ ဘတ်ဂျက်ကန့်သတ်ချကတွေရှိတဲ့ အတွက် အခက်အခဲရှိနိုင်ပေမယ့် ရေ ရှည်မှာ အကျိုးရှိလာမယ်လို့ သိရတယ်။