ဖိလစ်ပိုင်ဟာ စီးပွားရေးအလားအလာကို အကောင်းမြင်ထား

[caption id="attachment_21788" align="alignnone" width="720"]Philippines ဖိလစ်ပိုင်သမ္မတ Aquino[/caption] Grant Thornton International Business Report ဆိုတဲ့ နိုင်ငံပေါင်း ၃၆ နိုင်ငံက စီးပွားရေးလုပ်ငန်းပေါင်း တစ်သောင်းကျော်ကို လေ့လာမေးမြန်းရာက ရရှိတဲ့သတင်းအချက်အလက်တွေကို နှစ်စဉ်တင်ပြတဲ့ အစီရင်ခံစာအရ ဖိလစ်ပိုင်နိုင်ငံဟာ အာဆီယံအုပ်စုထဲမှာ ရှေ့အလားအလာကို အကောင်းအမြင်ဆုံးနိုင်ငံ ဖြစ်တယ်လို့သိရပါတယ်။ ပြည်ပပို့ကုန်၊ ဝင်ငွေ၊ အမြတ်အစွန်းရနိုင်မှု စတဲ့အချက်တွေနဲ့ပတ်သက်ပြီး အလားအလာတွေကို ဖိလစ်ပိုင်နိုင်ငံက အကောင်းဘက်က မြင်ထားပါတယ်။ ဒါပေမဲ့ မကောင်းတဲ့အချက်ကို မြင်ထားတာလည်း ရှိနေပါတယ်။ ''မနှစ်ကနဲ့စာရင် ကျွန်တော်တို့နိုင်ငံမှာ ကျွမ်းကျင်လုပ်သားဦးရေ နည်းနည်းပါးပါး တိုးလာတာမှန်ပေမယ့် စီးပွားရေးလုပ်ငန်းတွေက လိုချင်သလောက် ကျွမ်းကျင်လုပ်သားဦးရေ မရနိုင်ဘူး ဖြစ်နေတယ်''လို့ တချို့က ထောက်ပြကြတယ်။ ''နိုင်ငံထဲက အင်မတန်ကျွမ်းကျင်တဲ့သူတွေ ပြည်ပနိုင်ငံတွေဆီ ထွက်မသွားဖို့လည်းလိုတယ်''တဲ့။ စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ငွေကြေးမလုံလောက်ဘူးလို့ ပြောဆိုကြသူတွေဟာ မနှစ်က ၁၀ ရာခိုင်နှုန်းသာရှိပေမယ့် ၂၀၁၄ ခုနှစ်မှာတော့ ၂၇ ရာခိုင်နှုန်း တိုးပွားလာတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ Ref: Manila Bulletin