ပထမဆုံး အမှတ်တရ တစ်ကိုယ်တော်ပွဲ ကျင်းပနိုင်ခဲ့တဲ့ နီနီဝင်းရွှေ

စတူဒီယိုခေတ်ဦးလောကမှာ ကျော်ကြားခဲ့တဲ့ အဆိုကျော်နီနီဝင်းရွှေရဲ့ နှင်းဆီနီနီလို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော်သီဆိုဖျော်ဖြေပွဲကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်က ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါဖျော်ဖြေပွဲမှာ Aurora Music Band နဲ့အတူ အဆိုကျော်နီနီဝင်းရွှေက တစ်ချိန်က အောင်မြင်ခဲ့တဲ့ တေးသီချင်းအပုဒ် ၃၀ ကျော်ကို အားပါးတရဖျော်ဖြေခဲ့ပြီး  ဖိုးသောကြာ၊ စိုင်းစည်တွမ်ခမ်း၊ ဟေမာနေဝင်း၊ ကော်နီ၊ နီနီခင်ဇော်၊ မိုးစက်ဝိုင်တို့ကလည်း ပါဝင်အားဖြည့်ပေးခဲ့ကြပါတယ်။ နှင်းဆီနီနီအမည်ရှိ တစ်ကိုယ်တော်ဖျော်ဖြေပွဲနဲ့ပတ်သက်လို့ နီနီဝင်းရွှေက `မြန်မာနိုင်ငံကို မပြန် ဖြစ်တာ ကြာပါပြီ။ တစ်ကိုယ်တော်ပွဲလုပ်မယ်လို့ စီစဉ်ထားတဲ့အတွက် ပြန်လာရတာပါ။ ပြန်လာရတာ ပျော်ပါ တယ်။ အရင်တုန်းက အခွေတွေလုပ်ခဲ့တယ်၊ နယ်တွေမှာ သွားဆိုလိုက်၊ ရန်ကုန်မှာ ဆိုလိုက်နဲ့ပါ။  အောင်မြင် ခဲ့တဲ့တေးသံရှင်တစ်ယောက်အနေနဲ့ ကိုယ့်ပရိသတ်အတွက် ပြန်ပြီးကျေးဇူးဆပ်တဲ့အနေနဲ့ ဒီပွဲလေး လုပ်တာပါ။ မနီမှာလည်း အမှတ်တရ တစ်ကိုယ်တော်ပွဲဆိုတာ မရှိသေးဘူးလေ။ နောက်လည်း ဆက်အားပေးပါဦး၊ နီနီဝင်းရွှေဆိုတာ ပရိသတ်က အားပေးလို့ ဖြစ်လာတာပါ။ ဆက်လည်း ကြိုးစားနေပါဦးမယ်´ လို့ ပြောပြခဲ့ပါတယ်။ အဆိုကျော်နီနီဝင်းရွှေဟာ ၁၉၈၀ ပြည့်နှစ်မှာ ချစ်သူရွေးမယ် ဆိုတဲ့ တေးစီးရီးအခွေနဲ့ ဂီတလောကကို စတင်ဝင်ရောက်လာခဲ့ပြီး ခေတ်ပေါ်စတူရီယိုတေး၊ မြန်မာသံစဉ်တေး၊ ရုပ်ရှင်ဇာတ်ဝင်သီချင်း အစရှိတဲ့ တေး စီးရီးအခွေ တစ်ရာကျော် ထွက်ရှိခဲ့တဲ့အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

OKK

  8 2 1

5

3