[caption id="attachment_13638" align="alignnone" width="720"]
ပဲရစ်မြို့ရှိ BNP Paribas ဘဏ်ရုံးချုပ်[/caption] ပြင်သစ်ဘဏ် BNP Paribas ဟာ အမေရိကန်အစိုးရက နာမည်ပျက် စာရင်းသွင်းထားတဲ့နိုင်ငံတွေနဲ့ စီးပွားရေးအဆက်အဆံလုပ်တဲ့အတွက် ရုံးတင်တရားစွဲခံရမယ့်အရေးကို ရှောင်ရှားနိုင်ဖို့ အမေရိကန်အစိုးရကို ဒေါ်လာ ၈.၉ ဘီလီယံဒဏ်ကြေးဆောင်ဖို့ သဘောတူလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြင်သစ်သမ္မတက အမေရိကန်သမ္မတကို ပြစ်ဒဏ် သက်သက်ညှာညှာစဉ်းစားလျော့ပေါ့ ပေးဖို့ ဆွေးနွေးခဲ့ကြတာ လပေါင်း အတော်ကြာမှ ခုလို သဘောတူလိုက် တာဖြစ်ပါတယ်။ BNP ဘဏ်ဟာ ပြင်သစ် ရဲ့အကြီးဆုံးဘဏ်ဖြစ်ပါတယ်။ အမေ ရိကန်က နာမည်ပျက်စာရင်းသွင်းထား တဲ့ဘဏ်တွေထဲမှာ က ျူ းဘား၊ အီရန်နဲ့ ဆွီဒင်တို့ ပါဝင်တယ်။ ဒီဘဏ် ဟာ ဒီလောက်ဒဏ်ကြေးကို ထမ်း ဆောင်နိုင်တဲ့ငွေကြေးအင်အားတော့ ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်ဒေါ် လာကို ကိုင်တွယ်ရှင်းလင်းရတဲ့လုပ် ငန်းကို ယာယီပိတ်ပင်ခံထားရတာ လည်း ရှိနေတဲ့အတွက် အတော်အခံရခက်နေပါတယ်။ ဒါအပြင် ဘဏ်ရဲ့ အထက်တန်းအရာရှိ သုံးဦးကိုလည်း ထုတ်ပစ်ရမယ်လို့ အမေရိကန်အာဏာ ပိုင်တွေက တောင်းဆိုထားတာလည်း ရှိနေပါသေးတယ်။
Ref: AFP