မြန်မာတို့ရဲ့ ထာဝရ မန္တလေး ပန်းချီပြပွဲ စတင်ကျင်းပ

MDY Art 1 နိုဝင်ဘာလ ၄ ရက်နေ့ကနေ နိုဝင်ဘာလ ၉ ရက်နေ့အထိ နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၄း၃၀ အထိ ကျင်းပပြုလုပ်သွားမယ့် မြန်မာတို့ရဲ့ ထာဝရ မန္တလေး ပန်းချီပြပွဲ နိုဝင်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်လမ်းပေါ်မှာတည်ရှိတဲ့ အမျိုးသားပြတိုက်မှာ စတင်ကျင်းပခဲ့ပါတယ်။ ပွဲမှာ ပန်းချီဆရာ ၃၃ ဦးရဲ့ ရေဆေး၊ ဆီဆေး၊ ခရိုင်းလစ် အမျိုးအစား ပန်းချီကားပေါင်း ၁၈၂ ကား ပြသထားတာဖြစ်ပါတယ်။ မန္တလေးမြို့ရဲ့ ပုံရိပ်အမျိုးမျိုး ရေးဆွဲထားတဲ့ ပန်းချီကားအမျိုးမျိုးကို တွေ့ရမှာဖြစ်ပြီး ပါဝင်တဲ့ ပန်းချီဆရာတွေကတော့ ကျော်စိုး၊ ကျော်သီဟ၊ ခင်မောင်စန်း၊ ခင်မောင်သန်း၊ စိုးဝင်းအောင်၊ ဆုပန်၊ ဇော်ဝင်း၊ ဌေးမြင့်၊ တင်ဌေးအောင်၊ တင်မောင်စိန်၊ တင်မောင်အေး၊ ထွန်းထွန်းအောင်၊ နော်လဲ့လဲ့အုန်း၊ မာလာ၊ မောင်ဌေးအောင်၊ မောင်မောင်ကြီး၊ မာန်ဇာဟိဏ်း၊ မင်းလွင်၊ မင်းအုန်းမွန်၊ မျိုးမြင့်သိုက်၊ မျိုးမြင့်အောင်၊ မြင့်ကျော်ထက်၊ မြင့်ထွန်း(ပြင်ဦးလွင်)၊ မြတ်မင်းထွေး၊ ရွှေကျော်လင်း၊ လှဖုန်းအောင်၊ လှထွန်း၊ လူမော်၊ ဝင်းဝင်း(ပဲခူး)၊ အေးမင်းကို၊ အောင်ကျော်ဟိန်း၊ အောင်သီဟ နှင့် အမ်မျိုးလှိုင်တို့ ဖြစ်ကြပါတယ်။ MDY Art 6 MDY Art 3 MDY Art 5 MDY Art 7 MDY Art 8 MDY Art 9 MDY Art 10 MDY Art 11 MDY Art 12 MDY Art 13 MDY Art 14 MDY Art 15 MDY Art 17