တရုတ်ပြည်ရှိ နိုင်ငံခြားကုမ္ပဏီတွေ ပစ်မှတ်ထားခံနေရတယ်လို့ ခံစားနေကြရ

Mercedes တရုတ်ပြည်မှာ နိုင်ငံခြားကလာရောက် လုပ်ကိုင်နေကြတဲ့ စီးပွားရေးကုမ္ပဏီ တွေဟာ သူတို့ကိုမှရွေးပြီး တရုတ်အာ ဏာပိုင်တွေက အရေးယူနေကြတယ် လို့ ခံစားနေကြရတယ်လို့ သိရပါ တယ်။ ၂၀၁၃ ခုနှစ်တုန်းက တရုတ် ပြည်မှာ နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိ ကလုပ်ပိုင်ခွင့်ပြုသွားမယ်၊ စီးပွားရေး ယှဉ်ပြိုင်ခွင့်လည်း ပေးမယ်လို့ဆိုလို့ လာလုပ်ခဲ့ကြတဲ့ နိုင်ငံခြားကုမ္ပဏီတွေ ဟာ အခုတော့ အလုပ်လည်း ထင်သ လောက်မဖြစ်တဲ့အပြင် ပြည်တွင်း ကုမ္ပဏီတွေရဲ့ တိုးတက်ပြိုင်ဆိုင်မှုတွေ ကိုလည်း တွေ့ကြုံနေကြရပါတယ်။ တရုတ်အစိုးရဟာ သူ့ရဲ့ လက်ဝါးကြီးအုပ်စနစ်ပပျောက်ရေးဆိုင်ရာဥပဒေနဲ့ တခြားစည်းမျဉ်း စည်းကမ်းတွေကို ကိုင်စွဲပြီး နိုင်ငံခြား ကုမ္ပဏီတွေကို ပြည်တွင်းက ကုမ္ပဏီတွေထက် ပိုပြီးနှိပ်ကွပ်အရေးယူကာ ပြည်တွင်း လုပ်ငန်းရှင်တွေကို အကာ အကွယ်ပေးနေတယ်လို့ နိုင်ငံခြားကုမ္ပဏီတွေက ယူဆနေ ကြပါတယ်။ တရုတ်အာဏာပိုင်တွေကတော့ အဲဒီလိုမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ တရုတ်အစိုးရဟာ တရုတ်ပြည်ရှိ ဂျပန်ကားကုမ္ပဏီ ၁၂ ခုကို ဈေးကစားတယ်လို့စွပ်စွဲပြီး စုစုပေါင်း ဒေါ်လာ ၂၀၂ သန်း ဒဏ်ငွေ တပ်ခဲ့တယ်။ အလားတူပဲMercedes Benz ၊ Audi နဲ့ Chrysler ကား ကုမ္ပဏီတွေလည်း အပြစ်ပေးခံကြရဖို့ ရှိနေပါတယ်။ တရုတ်အာဏာပိုင်တွေ ကတော့ ပြည်တွင်းတရုတ်ပိုင် အရက် လုပ်ငန်းနှစ်ခုကိုလည်း ဒီလိုပဲ အရေး ယူခဲ့တယ်လို့ ဆိုပါတယ်။ ဒီအတိုင်း ဆက်သွားနေရင်တော့ တရုတ်ပြည်မှာ လာရောက်ရင်းနှီးလုပ်ကိုင်မှုတွေ လျော့သွားဖို့ အလားအလာရှိနေတယ်လို့ နိုင်ငံခြား ကုမ္ပဏီတချို့က ဆိုပါတယ်။

Ref: AP