တရုတ်ပြည်က အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ တိုးချဲ့

[caption id="attachment_13684" align="alignnone" width="720"] အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်ရှိ Nanshan America စက်ရုံအားတွေ့ရစဉ်[/caption]   တရုတ်နိုင်ငံဟာ အမေရိကန်ပြည် ထောင်စုမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တွေ တိုးချဲ့နေတာ ပြီးခဲ့တဲ့နှစ်ထဲမှာ ဒေါ်လာ ၁၄ ဘီလီယံအထိ စံချိန်ကျိုး သွားခဲ့ပါတယ်။ အဲဒီတရုတ် ကုမ္ပဏီ တွေထဲက တချို့မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။ -         တရုတ်ပြည်က (Fyuao Glass) ဖန်ချက်လုပ်ငန်းဟာ အမေရိကန် နိုင်ငံ အိုဟိုင်ယိုပြည်နယ်မှာ ၂၀၀၈ ခုနှစ်တုန်းက General Motors စွန့်လွှတ်ထားခဲ့တဲ့စက်ရုံကို လွှဲ ပြောင်းယူပြီး ဆက်လက်လုပ်ကိုင် နေပါတယ်။ အနည်းဆုံးအလုပ် သမား ရှစ်ရာ ငှားရမ်းလုပ်ကိုင်သွား မှာဖြစ်ပါတယ်။ -         Golden Dragon ကြေးနီပိုက်ပြွန်တွေ ထုတ်လုပ်တဲ့လုပ်ငန်းဟာ Alabama ပြည်နယ်မှာ ဒေါ်လာ သန်းတစ်ရာ အကုန်အကျခံပြီး စက်ရုံတည်ဆောက်ဖွင့်လှစ်သွားပြီး ဖြစ်ပါတယ်။ ဒီကြေးနီပြွန်လေးတွေ ဟာ လေအေးပေးစက်တွေမှာ သုံး ရတဲ့ပစ္စည်းတွေ ဖြစ်တယ်။ အလုပ် သမား သုံးရာကျော်ငှားရမ်းလုပ် ကိုင်သွားမယ်လို့ သိရပါတယ်။ -         အထည်အလိပ် ထုတ်လုပ်ရေး ကုမ္ပဏီ Keer ဟာ South Carolina  ပြည်နယ်မှာ ဒေါ်လာ ၂၁၈ သန်း ကုန်ကျတဲ့စက်ရုံ တည်ဆောက်ပြီး အလုပ်သမား  ငါးရာ ငှားရမ်းလုပ်ကိုင်မှာဖြစ်တယ်။ ဒီပြည်နယ်က စီမံချက်အ တွက် ဒေါ်လာ လေးသန်းပံ့ပိုးပေး ထားပါတယ်။ -         Nanshan America ဆိုတဲ့ အလူ မီနီယံပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီဟာ ဒီနှစ်ကုန်ရင် ဝန်ထမ်း နှစ်ရာအထိ တိုးတက်ငှားရမ်းသွား မှာဖြစ်ပါတယ်။ ဒီစက်ရုံကတော့ ၂၀၁၂ ခုနှစ်ကတည်းက လည်ပတ် ခဲ့တာ ဖြစ်တယ်။ ဒီကုမ္ပဏီဟာ ဘဏ်တွေနဲ့ အဝတ်အထည်စက်ရုံ တွေ အပါအဝင် လုပ်ငန်းစုံလုပ်ကိုင် နေတဲ့ တရုတ်နိုင်ငံရဲ့ Nanshan Group  ရဲ့ လုပ်ငန်းခွဲဖြစ်တယ်။ -         Shandong Tranlin စက္ကူလုပ် ငန်းဟာ Virginia  ပြည်နယ်မှာ စက္ကူနဲ့ မြေသြဇာထုတ်လုပ်ရေး စက်ရုံကို နှစ်ဘီလီယံဒေါ်လာ အကုန်ခံဆောက်မှာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် နောက်ဆုံးထား ပြီး အလုပ်သမားပေါင်း နှစ်ထောင် ထိ ခန့်ထားသွားမှာဖြစ်ပါတယ်။ ဒီစက်ရုံဟာ ကောက်ရိုးနဲ့ ပြောင်း ဖူးရိုးတံတွေကနေ စက္ကူဖြစ်အောင် ထုတ်လုပ်မှာဖြစ်ပြီး အဲဒီစက္ကူလုပ် ငန်းကထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေ ကနေ သဘာဝဓာတ်မြေသြဇာထုတ် လုပ်သွားမှာဖြစ်ပါတယ်။ -         Taizhou Fuling ပလတ်စတစ် ကုမ္ပဏီဟာ ထမင်းစားပွဲသုံးပလတ် စတစ်ပစ္စည်းတွေနဲ့ မီးဖိုချောင်သုံး ပလတ်စတစ်ပစ္စည်းတွေ ထုတ်လုပ် တဲ့စက်ရုံကို ဒေါ်လာ ၂၁ သန်း အကုန်ကျခံပြီး သုံးနှစ်အတွင်း အလုပ်သမား ၇၅ ယောက် ငှား ရမ်းသွားမှာဖြစ်ပါတယ်။ -         Tianjin Pipe ကုမ္ပဏီဟာ Texas  ပြည်နယ်မှာ ရေနံနဲ့ သ ဘာဝဓာတ် ငွေ့တူးဖော်ရာ မှာ သုံးတဲ့ပိုက်တွေကို ထုတ်လုပ်တဲ့ စက်ရုံကို ဒေါ်လာတစ်ဘီလီယံနဲ့ တည်ဆောက်မှာ ဖြစ်ပါ တယ်။ ၂၀၁၅ ခုနှစ် စော စောပိုင်းမှာ စတင်လည် ပတ်မှာဖြစ်ပြီး ၂၀၁၇ ခု နှစ်ကျရင် ဝန်ထမ်းငါးရာ ထိခန့်ထားမှာ ဖြစ်ပါ တယ်။

Ref: AP