
တရုတ်ဟာ ၂၀၁၅ မှာ ရုရှားနိုင်ငံနဲ့ကုန်သွယ်မှုကို ဒေါ်လာဘီလီယံတစ်ရာအထိ တိုးတက်လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။ ဒါဟာ မနှစ်ကထက် ဒေါ်လာ ၄.၇ ဘီလီယံ တိုးလာတာဖြစ်တယ်။ ဒီနှစ်နိုင်ငံဟာ ဘဏ္ဍာရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ အတူပူးပေါင်းဆောင်ရွက်သွားကြဖို့ သဘောတူထားကြတာဖြစ်တယ်။ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏဟာ ၂၀၂၀ ပြည့်နှစ်မတိုင်မီ ဒေါ်လာဘီလီယံနှစ်ရာအထိ ရှိလာနိုင်ပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာအစား မိမိတို့နှစ်နိုင်ငံရဲ့ငွေကြေးတွေကို ပိုမိုသုံးစွဲကြဖို့လည်း ကြိုးစားကြမှာဖြစ်တယ်လို့ သိရပါတယ်။ Ref: rt.com