
Tuk Tuk ကားထုတ်လုပ်ရေးကုမ္ပဏီ ဟာ Tuk USA ကုမ္ပဏီနဲ့ သဘော တူစာချုပ်အရ သူ့ရဲ့ကားတွေကို အမေရိကန်နိုင်ငံမှာ ဖြန့်ဖြူးရောင်းချ သွားနိုင်တော့မှာဖြစ်ပါတယ်။ ဒီကား တွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် တွေ လုံးဝမထွက်တဲ့ လျှပ်စစ်ကားတွေပါ။ ဒီကားတွေကို တက္ကစီကား အဖြစ်ရော၊ ကုန်ပစ္စည်းတင်ရောင်းရာ မှာရော အသုံးဝင်တဲ့အတွက် ကမ္ဘာ့ခရီး သွားဟိုတယ်လုပ်ငန်းရှင်တွေကလည်း အသုံးပြုကြကာ အမေရိကန်နိုင်ငံရဲ့ လမ်းတွေပေါ်မှာ ဒီတုတ်တုတ်ကားတွေ ပြေးဆွဲနိုင်ဖို့လည်း ဆွေးနွေးနေပါတယ်။
Ref: AFP