တတိယအကြိမ်မြောက်စက်ပစ္စည်းနဲ့ တဆင့်ခံကန်ထရိုက်လုပ်ငန်းပြပွဲ

intermach8

intermach5

တတိယအကြိမ်မြောက်စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းတွေနဲ့တွဲဖက်ပစ္စည်းတွေကိုပြသတဲ့ Intermach နဲ့ Subcon Myanmar 2015 ပြပွဲကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ၊ ၂၄ ရက်ကနေ ၂၆ ရက်အထိ ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

intermach1

intermach4

အခမ်းအနားမှာ စက်မှုလုပ်ငန်း၊ မော်တော်ကား၊ ဆောက်လုပ်ရေး၊ အီလက်ထရောနစ်၊ လျှပ်စစ်လုပ်ငန်း အစရှိတဲ့ လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာတွေ၊ မြေအောက်ရထားစနစ်သုံး ပစ္စည်းကိရိယာတွေ၊ လက်သုံး၊ စက်သုံးပစ္စည်းကိရိယာတွေ၊ ပန့်နဲ့မော်တော်ကား အစိတ်အပိုင်းတွေ အစရှိတာတွေကို နိုင်ငံပေါင်း ၈ နိုင်ငံက ကုမ္ပဏီတွေက ပြခန်းပေါင်း ၆၃ ခန်းနဲ့ လာရောက်ပြသခဲ့ပါတယ်။

intermach3

intermach7

intermach6

အခမ်းအနားမှာ UBM Asia ရဲ့ အာဆီယံစီးပွားရေးလုပ်ငန်းဆိုင်ရာ မန်နေဂျင်းဒါရိုက်တာ Mr M Gandhi က Intermach Myanmar 2015 မှာပြသထားတဲ့ နည်းပညာတွေဟာ ဖွံ့ဖြိုးဆဲစက်မှုလုပ်ငန်းတွေအတွက် သင့်လျော်တဲ့အပြင် ဒီပြပွဲမှာ ဝင်ရောက်ပြသတဲ့ ကုမ္ပဏီတွေ၊ ထုတ်လုပ်သူတွေဟာ မြန်မာနိုင်ငံက စက်မှုလုပ်ငန်းတွေနဲ့ချိတ်ဆက်ပြီး မြန်မာ့စက်မှုလုပ်ငန်း အဆင့်မြှင့်တင်ပေးဖို့နဲ့ ထုတ်လုပ်ကုန်ကဏ္ဍ တိုးတက်အောင် ကူညီပံ့ပိုးပေးသွားနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

intermach2