စင်ကာပူ Singpast နှင့် Infocomm Development Authority Of Singapore တို့ ပူးပေါင်းစမ်းသပ်သည့် Drone ဖြင့် စာပို့မှုအောင်မြင်ခဲ့ပါသည်။ နှစ်ကီလိုမီတာ အကွာနေရာသို့ ငါးမိနစ်အတွင်း အရောက်ပို့နိုင်ခဲ့ပြီး စာနှင့်အတူ တီရှပ်တစ်ထည် ပို့ဆောင်ပေးခဲ့သည်ဟု သိရပါသည်။ အဆိုပါ သတင်းရပြီး နောက်တစ်ရက်မှာပင် Drone ဖြင့် တစ်နှစ်လျှင် သစ်ပင်ပေါင်း တစ်ဘီလီယံစိုက်ပျိုးနိုင်ပြီး သစ်တောဖြုန်းတီးမှုကို ကာကွယ်ပေးနိုင်တော့မည်ဟု Discovery News က ကြေညာခဲ့ပါသည်။